သိုလှောင်ချိန် အာလူးပျော့ပုပ်ခြင်း

30/09/2021 13:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

    အာလူးပျော့ပုပ်ခြင်းက အစပိုင်းမှာ အာလူးအသားများကို ရေစိုအကွက်များအနေဖြင့် ကျန်းမာတဲ့အစိတ်အပိုင်းနဲ့အတူ ရှင်းရှင်းလင်းလင်းမြင်ရပြီး နောက်ပိုင်းမှာတော့ တစ်ဥလုံးကူးစက်ခံရကာ အနံ့ဆိုးပါထွက်လာပါတယ်။ အာလူးပျော့ပုပ်ခြင်းက သိုလှောင်ချိန်မှာသာ သင့်တော်တဲ့စီမံခန့်ခွဲမှုမရှိရင် ဆိုးရွားတဲ့ဆုံးရှုံးမှုဖြစ်ပေါ်စေပြီး ပို့ကုန်အရည်အသွေးကို နိမ့်ကျစေနိုင်တဲ့အတွက် ဆိုးဝါးတဲ့ရောဂါတစ်မျိုးလို့ပဲ ဆိုနိုင်ပါတယ်။ အာလူးပျော့ပုပ်ခြင်းက များစွာသော ဘက်တီးရီးယားအမျိုးအစားများစွာကြောင့်ဖြစ်သော်လည်း အများစုမှာ gram-negative bacteria၊ Erwinia၊ Pectobacterium နဲ့ Pseudomonas တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ၎င်းဘက်တီးရီးယားတို့သည် ကမ္ဘာတစ်ဝှမ်းတွင်ရှိသော သစ်သီးပင်နဲ့ ဟင်းသီးဟင်းရွက်ပင်များကို တိုက်ခိုက်နေသော ဘက်တီးရီးယားမျိုးကွဲများပဲဖြစ်ပါတယ်။

    အာလူးစိုက်ပြီးအချိန်တွင် အေးပြီးစိုနေသောအခြေအနေ (၁၀-၁၅) ဒီဂရီစင်တီဂရိတ်နှင့် အညှောင့်ပေါက်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်ခန့်ရှိတဲ့အခြေအနေက ရောဂါဖြစ်စေမှုကို အားပေးပါတယ်။ ထိုအခြေအနေမျိုးတွင် အပင်ရဲ့ဗက်စကူလာထဲကို အာလူးပျော့ပုပ်ခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယား ဝင်ရောက်လာပြီး အပင်ညှိုးခြောက်လာပါတော့တယ်။ အာလူးပျော့ပုပ်ခြင်းက သိသာထင်ရှားတဲ့လက္ခဏာမရှိဘဲ ငုပ်လျှိုးနေတဲ့ ရောဂါပဲဖြစ်ပါတယ်။ အာလူးပျော့ပုပ်မှုအများစုသည် အာလူးကိုရိတ်သိမ်းတဲ့အချိန် ဒဏ်ရာရတဲ့အခါ သိုလှောင်သိမ်းဆည်းစဉ် ဘက်တီးရီးယားများဝင်ရောက်ပြီး ပျော့ပုပ်ခြင်းကို စတင်ပါတယ်။ နေရောင်ခြည်ထိတွေ့မှုများခြင်းသည်လည်း အာလူးပျော့ပုပ်မှုဖြစ်စေရန် အားပေးနေပါတယ်။ ဒါ့အပြင် အာလူးပျော့ရောဂါကူးစက်ခံနေရသော အစေ့ကို စိုက်ပျိုးမိတဲ့အခါမှာလည်း ဥလာသောအာလူးဥများကို ကူးစက်ရန် ရာခိုင်နှုန်းပိုများနိုင်ပါတယ်။

ကြိုတင်ကာကွယ်နည်း

(၁) ကူးစက်ထားခံရသောအစေ့ကို မစိုက်ပါနဲ့။

(၂) ပေါင်းပင်များကိုလည်း ရှင်သန်ကြီးထွားမှုမရှိစေရန်လည်း ထိန်းချုပ်ရပါမယ်။

(၃) စိုစွတ်သောအခြေအနေတွင် ရိတ်သိမ်းခြင်းကို ရှောင်ကြည်ခြင်းနဲ့အတူ ရင့်မှည့်သောဥကိုသာတူးရပါမယ်။ လေထုနဲ့ မြေဆီလွှာအပူချိန်ကလည်း ၇၀ ဒီဂရီဖာရင်ဟိုက်အောက်တွင် ရှိသင့်ပါတယ်။

(၄) ရိတ်သိမ်းချိန် အာလူးများထုရိုက်ခြင်းကို ရှောင်ကြဉ်ပြီး လျင်မြန်စွာအခြောက်ခံရပါမယ်။

(၅) သိုလှောင်စဉ် ငွေ့ရည်ဖွဲ့ခြင်းမရှိစေရန် ဂရုစိုက်သင့်ပြီး သိုလှောင်ရုံ လေဝင်လေထွက် ကောင်းမွန်မှုရှိ မရှိ အမြဲစစ်‌ဆေးနေသင့်ပါတယ်။

(၆) ပေ ၃၀ မှ ၃၅ ပေထိရှည်သော flume system နဲ့ ရေဆေးလျှင် ကလိုရင်းခပ်ထားသောရေဖြင့်သာ ဆေးပေးပါ။

(၇) ဥများကိုထုတ်ပိုးစဉ် ခြောက်သွေ့မှုကို ဂရုပြုသင့်ပြီး လေဝင်လေထွက်ကောင်းသောအိတ်များဖြင့် ထုတ်ပိုးခြင်းက အကောင်းဆုံးနည်းဖြစ်ပါတယ်။

    အာလူးသားများပျော့နေခြင်းသည် ပုပ်နေသည်ကို ညွှန်ပြတာဖြစ်တဲ့အတွက် ပျော့နေတဲ့ နေရာကို လှီးပစ်ပြီးမှသာ စားသုံးသင့်ပြီးတော့ အာလူးတွင် အစိမ်းရောင်ဖြစ်နေခြင်းသည် အဆိပ်ဖြစ်စေသော ဆိုလနိုင်းပမာဏများနေသည်ဟု ဖော်ပြနေတဲ့အတွက် မစားသင့်တဲ့အကြောင်းကို သတိပြုမိစေရန် ရေးသားဖော်ပြလိုက်ရပါတယ်။

Reference:

https://www.agric.wa.gov.au/potatoes/soft-rot-diseases-potatoes


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်