၂၀၂၅ မှာ ဖြစ်လာနိုင်တဲ့ နေမုန်တိုင်း(သို့) နေမျက်နှာပြင်ပေါ်က ပြင်းထန်တဲ့ပေါက်ကွဲမှု

12/12/2023 11:30 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ပွင့်ပွင့်လင်းလင်းပြောရရင် နေမုန်တိုင်း(Solar Storm)ကို ကျနော် မလေ့လာပါဘူးဗျာ။ လေ့လာနိုင်မဲ့ ပစ္စည်းကိရိယာတွေ သတင်းအချက်အလက်အသေးစိတ်တွေ ရနိုင်ဖို့ လက်လှမ်းမမီတဲ့အတွက် အာကာသသိပ္ပံဆိုင်ရာလေ့လာသူ ဝါသနာရှင်များနဲ့ ပညာရှင်များက လေ့လာတင်ပြကြပါလိမ့်မယ်။ NASA က ရေးတဲ့ သတင်းတွေ၊ လေ့လာနေကြတဲ့ သိပ္ပံပညာရှင်တွေရဲ့ ဆောင်းပါးတွေမှာတော့ နေမုန်တိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အင်တာနက်ပေါ်မှာ အများကြီးရှိပါတယ်။ ကျနော်ကတော့ အာကာသသိပ္ပံပညာရပ်ကိုတော့ စိတ်ဝင်စားပါတယ်။ မိုးလေဝသဖြစ်စဉ်၊ ရာသီဥတုပြောင်းမှုဖြစ်စဉ်တွေကို အလေးထားလေ့လာနေတာကြောင့် အချိန်မပေးနိုင်တော့ပဲ ဆက်မလေ့လာဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီ post မှာတော့ ကျနော်လက်လှမ်းမီသလောက်၊ လေ့လာပြီးသလောက်၊ နားလည်သလောက်နဲ့ရှင်းပြပေးပါ့မယ်။

နေမုန်တိုင်းဆိုတာဘာလဲ - ဘယ်တုန်းက ဖြစ်ခဲ့သလဲ?

ကျနော်နားလည်ထားသလောက်တော့ နေမုန်တိုင်းဖြစ်လာရင် အရင်ဆုံး အီလက်ထရောနစ်ထိန်းချုပ်မှုစနစ်တွေသုံးထားတဲ့ မြေပြင်က လျှပ်စစ်ဓာတ်အားပေးစနစ်တွေမှာ အနှောင့်အယှက်ထိခိုက်ပျက်စီးမှုတွေဖြစ်နိုင်တယ်။ ရေဒီယိုဆက်သွယ်ရေးစနစ်တွေ၊ GPS စနစ်တွေအတွက်လွှတ်တင်ထားတဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေရဲ့ functions တွေမှာ အနှောင့်အယှက်ဖြစ်မယ်။ အဲ့ဒီနှောင့်ယှက်မှုတွေကြောင့် ဖုန်းဆက်သွယ်မှုတွေ အမြင့်ပျံနေတဲ့လေယာဉ်တွေနဲ့ အာကာသယာဉ်တွေရဲ့ လမ်းကြောင်းထိန်းချုပ်ခြင်း-Navigation System တွေအပြင် အီလက်ထရောနစ်စနစ်နဲ့ထိန်းချုပ်လုပ်ဆောင်တဲ့ ဘဏ်အကြွေးဝယ်ကတ်စနစ်၊ ATM ကတ်စနစ်တွေနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာပါ အနှောင့်အယှက်ဖြစ်နိုင်မယ်။ ဖြစ်လည်းဖြစ်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။ 

နေမုန်တိုင်း(သို့မဟုတ်) နေမျက်နှာပြင်ပေါ်က ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ၁၉၈၉ ခုနှစ် ကနေဒါနိုင်ငံ QUEBEC မှာ ၁၂ နာရီကြာအောင် ကျောင်းတွေ ရုံးတွေ ပိတ်လိုက်ရတယ်။ အပြင်းထန်ဆုံးနေမုန်တိုင်းသက်ရောက်မှုဖြစ်တဲ့ ၁၈၅၉ ခုနှစ်မှာ  "Carrington Event" လို့ခေါ်ကြတဲ့ အပြင်းထန်ဆုံး နေမုန်တိုင်း/နေပေါက်ကွဲမှုဖြစ်စဉ်မှာတော့ ကြေးနန်းစာ(သံကြိုးစာ)တွေပို့လို့မရဘဲ ပြတ်တောက်ကုန်တယ်။ အဲ့ဒီခေတ်က စာတိုက်တွေကတဆင့် အရေးကြီးသတင်းတွေကို သံကြိုးရိုက်တာ/စာရေးသားပေးပို့တာကို အားကိုးနေရတဲ့ခေတ်ဖြစ်တာကြောင့် ဒီနေ့ခေတ်အီလက်ထရောနစ်နဲ့ အိုင်တီနည်းပညာအသုံးပြုခြင်းတိုးတက်များပြားနေတဲ့ခေတ်မှာဆိုရင်တော့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာအပေါ် ထိခိုက်မှုပိုများနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်များက တွက်ဆထားကြတာလဲရှိပါတယ်။ 

အဲ့ဒီလို သက်ရောက်မှုများတဲ့ နေမုန်တိုင်း ၂၀၂၅ ခုနှစ်မှာ နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ နေမုန်တိုင်းတိုက်ခြင်းက ၁၁ နှစ်မှာ တစ်ကြိမ်ဖြစ်တတ်ပြီးတော့ နေမုန်တိုင်းဖြစ်ရင် လျှပ်စစ်မီးတွေပျက်တာ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်တွေပျက်စီးတာ(ယာယီ)၊ ဘဏ်စနစ်ပြတ်တောက်နိုင်တာတွေနဲ့ သတင်းအချက်အလက်သိုလှောင်သိမ်းဆည်းတဲ့ Server System တွေမှာ ပျက်စီးမှုတွေဖြစ်မယ်ဆိုတာတော့ ခန့်မှန်းကြပါတယ်။ အင်တာနက်ဆက်သွယ်ရေးစနစ်ထိခိုက်ယိုယွင်းသွားရင် ဒီစနစ်တွေမှာ အနည်းနဲ့အများတော့ ထိခိုက်ပျက်စီးတာ ဖြစ်နိုင်မှာပါပဲ။ သို့ပေမဲ့ ကမ္ဘာကြီးပျက်စီးသွားခြင်း(End Of The World or Dooms Day)တော့ မဖြစ်နိုင်တာကြောင့် အရမ်းလည်း စိုးရိမ်နေစရာမလိုပါ။

ကြိုတင်သိရအောင် ဘယ်လိုပြင်ဆင်နေကြပြီလဲ?

နေမုန်တိုင်းဖြစ်နိုင်ချေနဲ့ ဖြစ်လာတဲ့အခါ ကမ္ဘာပေါ်က နည်းပညာနဲ့ဆက်သွယ်စနစ်တွေ၊ လေကြောင်းပို့ဆောင်ရေးတွေမှာ ထိခိုက်ပျက်စီးမှုမှ ကြိုတင်ကာကွယ်နိုင်အောင် NASA အထောက်အကူပြု AI နည်းပညာခန့်မှန်းချက်နဲ့ မိနစ် ၃၀ ကြိုတင်သတိပေးနိုင်အောင် လုပ်နေကြတယ်လို့လဲ သိရပါတယ်။ NASA backed AI နည်းပညာက အချိန်မိနစ် ၃၀ သာ ကြိုတင်သတိပေးနိုင်တာကြာင့် - သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာအပေါ် အခြေခံလုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေက သတင်းအချက်အလက်တွေ back-up လုပ်ထားကြဖို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနဲ့ ပေးဝေဖြန့်ဖြူးရေးစနစ်တွေမှာ အရန်ကာကွယ်ရေးစနစ်တွေ တီထွင်တပ်ဆင်ထားကြဖို့နဲ့ လေကြောင်းပျံသန်းရေးတွေမှာ GPS, Auto Pilot နဲ့ ပျံနေစဉ် နေမုန်တိုင်းသတိပေးချက်ရတာနဲ့ လေယာဉ်မောင်း(Pilot)က ကိုင်တွယ်ထိန်းချုပ်တဲ့စနစ်ကို ပြောင်းပြီး ပျံသန်းကြဖို့စသည်ဖြင့် အကြံပြုပြင်ဆင်ထားကြတာတွေလဲ တွေ့ရပါတယ်။

 

ဆိုတော့ ခေတ်မီတိုးတက်လာနေတဲ့ ကမ္ဘာ့လူသားများရဲ့ နည်းပညာတွေကြောင့် အာကာသထဲကဖြစ်စဉ်တွေကို ကြိုတင်သိနိုင်အောင်လေ့လာခန့်မှန်းနိုင်ကြတဲ့နည်းတူ၊ အာကာသထဲမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အာကာသရာသီဥတု(Space Weather Changes)ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်တဲ့ ခေတ်မီကိရိယာ၊ စက်ပစ္စည်းနဲ့ နည်းပညာတွေကလည်း အားကိုးသုံးစွဲမှုများရင်များသလို အဲ့ဒီအပေါ်သက်ရောက်လာမဲ့ Space Weather Changes or Solar Storm အန္တရာယ်တွေဆက်လက်ရင်ဆိုင်နေကြရဦးမှာဖြစ်ပါတယ်။ နောက်တနည်းပြောရရင် "ခေတ်မီတိုးတက်ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေအပေါ်မှီခိုပြီးအလုပ်လုပ်နေသရွေ့ အာကာသထဲက ပြောင်းလဲမှုဖြစ်စဉ်တွေအပေါ် ကြိုတင်ခန့်မှန်းသတိပေးနိုင်အောင်လဲ ဆက်ပြီးလုပ်နေကြရပါဦးမယ်"။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်