ပင်စည်၏ လုပ်ငန်းဆောင်တာများ

24/05/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပင်စည်တွင် အဖူးများရှိကြသည်။ ပင်စည်ထိပ်ဖျားရှိအဖူးကို ဖျားဖူးဟု ခေါ်သည်။ ဤဖျားဖူးကြောင့် ပင်စည်ရှည်လျားလာခြင်း ဖြစ်သည်။ ပင်စည်နှင့် အရွက်ကြားရှိအဖူးကို ကြားဖူးဟုခေါ်သည်။ ပင်စည်ပေါ်တွင် ကြားဖူးကို တွေ့နိုင်သောနေရာမှာ အဆစ် ဖြစ်သည်။ အချို့ပင်စည်တို့သည် အသားမာပြီး အချို့ပင်စည်တို့မှာမူ အသားကပျာ့သည်။ ထို့ကြောင့် အသားအမာအပျော့အလိုက် ပင်စည်တို့ကို နှစ်မျိုးခွဲ ခြားနိုင်ပါသည်။ ၎င်းတို့မှာ သစ်မာပင်စည်နှင့် သစ်ပျော့ပင်စည်ဟူ၍ ဖြစ်ပါသည်။

ပင်စည်

ပင်စည်၏လုပ်ငန်းတာဝန်များမှာ အကျဥ်းချုပ်အားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်။

  • (၁) သယ်ပို့ ခြင်း- အမြစ်မှ စုပ်ယူခဲ့သော ရေနှင့်ဓာတ်ဆားတို့ကို အပင်၏ အင်္ဂါအစိတ်အပိုင်း အားလုံးသို့ သယ်ဆောင်ပါသည်။
  • (၂) ထောက်ကန်ခြင်း- ပင်စည်သည်မဏ္ဍိုင်သဖွယ်ဖြစ်၍ အကိုင်းအခက်တို့ ဖြာထွက်နိုင်အောင် ထောက်ကန်မှုပေးသည်။
  • (၃) အပွင့် အသီး အရွက်ကောင်းခြင်း- ပင်စည်နှင့်အကိုင်း အခက်တို့သည် အရွက်များကို ဆောင်ကြသည်။ မျိုးပွားရေးအတွက် အဓိက ဖြစ်သော အပွင့်အသီးတို့သည် အကိုင်းအခက်ပေါ်တွင် ပွင့်ကြသီးကြသည်။
  • (၄) အာဟာရသိုလှောင်ခြင်း- အချို့သော ပင်စည်တို့သည် သာမန်စုဆောင်းသည်ထက် ပိုမိုစုကောင်းနိုင်ရန် အသွင်လက္ခဏာများပြောင်းလဲ၍ အာဟာရများ သိုလှောင်လျက်ရှိကြသည်။

က။ ရိုင်ဇုမ်း

ရိုင်ဇုမ်းသည် အစားအစာများကို သိုလှောင်ထားသော ဖောင်းပွနေသည့် မြေအာက်ပင်စည် ဖြစ်သည်။ ဥပမာ- ချင်း

ရိုင်ဇုမ်း (ချင်း)

ခ။ ကျူဗာ

ဆစ်ကြားအနည်းငယ်ပါဝင်သည့် ပင်စည်ကိုင်းဖျားတစ်ခုသည် မြေအောက်သို့ ထိုးဖောက်ဝင်ရောက်ပြီးလျှင် ရေနှင့်အစာကို စုဆောင်းသောကြောင့် အသားဖောင်းပွလာသည်။ ထိုကဲ့သို့ ဖောင်းပွနေသည့် ထူးကဲသော ပင်စည်မျိုးကို ကျူဗာဟုခေါ်သည်။ ဥပမာ - အာလူး။

ကျူဗာ(အာလူး)

ဂ။ ကွမ်း(မ်)အတက်

ကွမ်း(မ်)အတက်သည် မြေအောက်တွင်တည်ရှိ၍ ရေနှင့်အစာများကို စုဆောင်းသဖြင့် အသားပွသော ထူးကဲသည့်ပင်စည်တစ်မျိုး ဖြစ်သည်။ ဥပမာ -သစ္စာပန်းဥ

ကွမ်း(မ်)အတက် (သစ္စာပန်းဥ)

ဃ။ ဗပ်အတက်( bulb)

ဗပ်အတက်သည် အလွန်တိုတောင်းသော မြေအောက်ပင်စည် ဖြစ်သည်။

ပုံသဏ္ဌာန် အားဖြင့် ပြားချပ်နေသည်။ ထိုချပ်ပြားအပေါ်မျက်နှာပြင်ပိုင်းမှ ရွက်ဖတ်သဏ္ဌာန်အရွက်များ ထွက်သည်။ ရေနှင့်အစာများကို ဤရွက်ဖတ်များအတွင်း၌ သိုလှောင်သည်။ ဥပမာ- ကြက်သွန်

ဗပ်အတက် ( ကြက်သွန်နီ)

ရှားစောင်းလက်ဝါး ရှားစောင်း ကြီး ရှားစောင်းလက်ပတ်တို့သည် ရေများစွာ သိုလှောင်ထားသော ထူးကဲပင်စည်များ ဖြစ်ကြသည်။

 

အစာချက်လုပ်ခြင်း- ပင်စည်များငယ်စဥ်၌ အစိမ်းကရာင်ကလိုဖီးရှိ ခြင်းကြောင့် နေရောင်၏ အကူအညီဖြင့် အစာအဟာရများချက်လုပ်နိုင်သည်။ ဥပမာ-ဆင်တုံးမနွယ်နှင့် ထူးကဲပင်စည်များဖြစ်ကြ၏။

 

#crd - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်