မျိုးစေ့တွေအကြောင်း လေ့လာမယ်

18/08/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

    မျိုးစေ့တွေကို လေ့လာမယ်ဆို ပထမဆုံး သိရမှာကတော့ မျိုးစေ့အမျိုးအစားတွေပါပဲ။ ကိုယ်စိုက်နေတဲ့ မျိုးစေ့က ဘယ်လိုမျိုးစေ့ဖြစ်တယ်။  ဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာကို သိထားတော့ အကောင်းဆုံးပေါ့။  စလိုက်ကြရအောင် 

    မျိုးစေ့တွေကို သူတို့ရဲ့ ဘယ်ကဖြစ်လာသလဲဆိုတာကို အခြေခံပြီးတော့ အမျိုးအစားခွဲရင် (၃) မျိုးရှိပါတယ်။  မျိုးစေ့အဆင့်တွေကနေ အခြေခံတာ မဟုတ်ပါဘူးနော်။ 

(၁) Open Pollinated Seed - လွတ်လပ်တဲ့ ဝတ်မှုန်ကူးမျိုးပွားစေ့

    ခက်က်ခဲခဲကြီး မဟုတ်ပါဘူး။  ဒေသမျိုးတွေ ပါဝင်ပါတယ်။  အပင်တွေစိုက်ထားလိုက်တယ် ပျားတွေ ပိတုန်းတွေကြောင့် တစ်ပင်နဲ့တစ်ပင်ကို ဝတ်မှုန်ကူးလာတယ် မျိုးအောင်တယ် အစေ့ဖြစ်လာတယ်။  အဲ့အစေ့ကို ပြန်စိုက်လို့ရတယ်။  ပန်းပွင့်ပြီး ဝတ်မှုန်ကူးတယ် မျိုးပွားတယ် သူ့ဘာသာဖြစ်လာတဲ့ မျိုးစေ့ဖြစ်ပါတယ်။  တစ်ချို့အပင်တွေက မပွင့်ခင်ကတည်းက သူတို့ဘာသာ အထဲမှာ ကိုယ်တိုင်ဝတ်မှုန်ကူးပြီးတော့ မျိုးအောင်နေပြီ။ အဲ့လို အပင်တွေကနေရတဲ့ မျိုးစေ့တွေကိုလည်း အတိုကောက်နဲ့ OP လို့ ခေါ်ပါတယ်။  

    မိဘမျိုးရင်း မျိုးစေ့တွေပါ။  ဆိုတော့ စိုက်တာလည်း ကြာနေပြီ မျိုးကွဲတွေလည်း အများကြီးပါဝင်နေပါပြီ။ ဆိုတော့ ကိုယ်က မိဘ ဘိုးဘေး လက်ထက်က စိုက်ခဲ့တဲ့ မျိုးကိုပဲ မျိုးပြန်ယူပြီး စိုက်နေတယ်ဆို ငါက OP စိုက်တာလို့ ပြောလို့ရပါပြီ။ 

(၂) Heirloom Seeds - အမွေအနှစ် မျိုးစေ့

    အယူအဆနဲ့ရှိကြတဲ့ နာမည်တပ်ထားတဲ့ မိဘမျိုးစေ့တွေပေါ့။  ဟိုးမြန်မာ ဘုရင်တွေခေတ်ကလိုဆို သရက်မျိုးတွေ ကို မင်းမျိုးမင်းနွယ်တွေပဲ စားရတယ်။  တော်ဝင်မျိုးနွယ်တွေကပဲ ထိန်းသိမ်းထားတယ် ဆိုတာမျိုး ကြားဖူးခဲ့ပါတယ်လေ။  အဲ့လို အကောင််းဆုံး​တွေ ရွေးချယ်ပြီးတော့ ထိန်းသိမ်းထားတာကို ခံရတဲ့ W အမွေအနှစ်မျိုးစေ့ရယ်လို့ ခေါ်ပါတယ်။  

    သူတို့က ပြောရမယ်ဆို  ခုဏ ကပြောပြခဲ့တဲ့ မိဘမျိုးရင်း မျိုးစေ့ဖြစ်တဲ့ OP ထဲမှာပါပါတယ်။  ဒါပေမဲ့ OP တိုင်းတော့  အမွေအနှစ်မျိုးစေ့ ထဲမှာ မပါပြန်ပါဘူး။  ဘာလို့လဲဆို OP ထဲက အကောင်းဆုံးတွေကိုရွေးထားပြီးမှာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့ကြတာမို့ပါ။  ဆိုတော့ ကိုယ်တွေ မျိုးစဉ်ဘောင်ဆက်က စိုက်ခဲ့တဲ့မျိုး၊ ကိုယ်တွေဆီမှာပဲ ရှိတဲ့ မျိုးကို စိုက်တယ်ဆိုရင် ကိုယ်က Heirloom seed ကိုစိုက်တဲ့ တောင်သူပါ လို့ ပြောလို့ရပါပြီ။

(၃)  F 1 Hybrid - စပ်မျိုး

    စပ်မျိုးတွေက ဘယ်လို ဘယ်လိုတွေ လဲဆိုတာ ခုစိုက်နေကြတဲ့မျိုးတွေ၊ အထုပ်လှလှလေးတွေနဲ့ တရားဝင် ရောင်းဝယ်နေကြတဲ့ မျိုးစေ့ထုတ်လေးတွေထဲက အစေ့လေးတွေက စပ်ထားတဲ့ စပ်မျိုးတွေဖြစ်ကြပါတယ်။ ခု Green way က အွန်လိုင်းဈေးတန်းကြီးထဲက မျိုးစေ့ဆိုင်တွေ လေ့လာကြည့်လိုက်ပါ။  စပ်မျိုး မျိုးစေ့တွေကို အလွယ်တကူ ဝယ်လို့ရပါလိမ့်မယ်။ 

    သူတို့ကို မျိုးစေ့ကနေ စစိုက်လိုက်မယ်။ အပင်က အရမ်းကို သန်မာတယ် ရောဂါလည်း ခံနိုင်တယ် အထွက်လည်း ကောင်းတယ်ပေါ့။  သူတို့ရဲ့ အားသာချက် တွေကြောင့်လည်း စိုက်ကြတာပါ။ ဒါပေမဲ့ သူတို့ကနေ မျိုး ပြန်ယူပြီး စိုက်မယ်ဆိုရင် မျိုးမငြိမ်တာဖြစ်သွားပါလိမ့်မယ်။  ပထမစိုက်တုန်းကလို အဆင်ပြေမနေပဲ ပုတာ ပု ရှည်တဲ့ အပင်ရှည်တာလိုမျိုး၊ အပငိအရည်အသွေး မကောငိးတာတွေဖြစ်လာပါလိမ့်မယ်။  သူတို့က မျိုးစပ်ထားတာမို့လို့ပါ။ 

    လိုချင်တဲ့ အရည်အသွေးရှိတဲ့ အဖိုလိုင်းနဲ့ အမလိုင်းကို ယူပြီးတော့ သူတို့ကို ဝတ်မှုန်ကူးပေးရပြီး မျိုးပွားစေတာပါ။  ဆိုတော့ အခုဆို အော်ဂဲနစ် စိုက်ချင်ရင် အော်ဂဲနစ် စပ်မျိုးတွေတောင် ရနေပါပြီတဲ့။ 

    ကဲ GMO ဆိုတဲ့ မျိုးဗီဇကို ထူးကဲထားတဲ့ မျိုးစေ့တွေ ကို စပ်မျိုးထဲမှာ မထည့်ထားပါဘူး။ သူတို့က လိုင်းသက်သက်ခွဲထားတာပါ။ သူတို့ကျတော့ သုတေသန စမ်းသပ်ခန်းထဲမှာ မျိုးရိုးဗီဇတွေ ထုတ်ယူ ထည့်သွင်း စတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးမှ ထွက်လာတဲ့ မျိုးစေ့တွေဖြစ်ပါတယ်။ စပ်မျိုးကျတော့ မျိုး ၂ မျိုးကို ဝတ်မှုန်ကူးပြီး စပ်ပေးထားတာပါ။ 

     ကဲ အချုပ်ကိုပြောရရင်တော့ အဓိက အားဖြင့် (၂) မျိုးပေါ့။  မိဘစေ့နဲ့ စပ်မျိုး ဆိုပြီး။ ဒါဆို ကိုယ်တွေ စိုက်မယ်ဆိုရင် ဘယ်မျိုးကိုရွေးချယ်ရမလဲ။ OP လား Hybrid စပ်မျိုးလား? 

    အဖြေကတော့ (၂) မျိုးစလုံးကောင်းပါတယ်။  လိုအပ်တဲ့အတိုင်း ရွေးချယ်ရမှာပါ။  (၂)  မျိုးစလုံးမှာ သူ့အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိပါတယ်။  ဆိုတော့ ကိုယ်စိုက်မဲ့သီးနှံနဲ့ ဈေးကွက်ကို ကြည့်ပြီးတော့ ရွေးချယ်ရမှာပါ။ 

    OP ကလည်း ဒေသမျိုး အရင်းခံစစ်စစ်တွေမို့ သူတို့နေရာကို အစားမထိုးနိုင်လောက်အောင်ကောင်းတဲ့ အပင်မျိုးတွေ ရှိပါသေးတယ်။ 

ထွန်းဝင်းကျော်

https://www.naturespath.com/en-us/blog/difference-between-heirlooms-open-pollinated-and-hybrid-organic-seeds/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်