စပါးသီးနှံအတွက် အာဟာရစီမံခန့်ခွဲမှုတွေအကြောင်း ကောင်းကောင်းသိခဲ့ပြီဖြစ်တဲ့ ကိုဖြိုးဝေစိုး

11/09/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
Play store မှာ ထောက်ကြည့်လိုက်တာ ပညာရှင် အမေးအဖြေကဏ္ဍဆိုတော့ အာ...သဘောကျလိုက်တာဆိုပြီး သုံးဖြစ်တာ ၁၀ ရက် ၁၅ ရက်လောက်ကြာတော့ ဖုန်းဝင်လာတာပဲ အဆင်ပြေလား မေးတယ်။ အာ.. ပြေတယ် ဗဟုသုတရတယ်ပေါ့

    ဒီလိုနဲ့ အစိမ်းရောင်လမ်းကို စသိခဲ့တဲ့  ကိုဖြိုးဝေစိုးကတော့ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပေါင်းတည်မြို့ မြောက်ကုန်းကြီးရွာက တောင်သူလူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။

    စပါး၊ နှမ်း၊ တိုင်ထောင်ပဲ၊ ခရမ်း စသည်ဖြင့် လယ်သီးနှံ ယာသီးနှံကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ အစိမ်းရောင်လမ်းကိုသုံးဖြစ်တဲ့နောက်ပိုင်း အပင်အာဟာရနဲ့ပတ်သက်ပြီး သိလာရတယ်။

စပါးဓာတ်မြေသြဇာ ကျွေးခြင်းဆိုတဲ့ ပို့စ်လေးတစ်ခုတွေ့တယ် သူရေးထားတာက NPK ကို ဘယ်လိုနည်းနဲ့ကျွေးရမလဲပေါ့။ ခါတိုင်းဆို ဒီလိုပဲကျွေးလိုက်တာပေါ့။ ဆောင်းပါးလေးဖတ်ပြီး ဒီထဲက နည်းလမ်းတွေအတိုင်း ခွဲကျွေးဖြစ်ပါတယ်။ အပင်အာဟာရနဲ့ပတ်သက်တာတွေ တော်တော်များများသိလာရတယ်

    ကျွန်တော် နည်းပညာ စိုက်ပျိုးဗဟုသုတ၊ ကျန်းမာရေး အကုန်ကြည့်ဖြစ်ပါတယ်။ ယင်ဖြူမကျရောက်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် သူက ရေပြင်းအားနဲ့ထိုးရင် ယင်ဖြူတွေသက်သာတယ်ဆိုတော့ ကျွန်တော်က ဘက်ထရီဆေးဖြန်းပုံးနဲ့ ရေထည့်ပြီး အပင်ကိုထိုးပေးတာ မဆိုးဘူး။ အဲတာလေးလည်း ကောင်းပါတယ်…

    ဆောင်းပါးတွေကို လက်တွေ့ကျကျသုံးဖြစ်နေတဲ့ ကိုဖြိုးဝေစိုးက အမေးအဖြေမှာလည်း တက်ကြွတဲ့ ပါဝင်သူတစ်ယောက်ဖြစ်ပါတယ်။ လေ့လာရင်း မျှဝေရင်းနဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်နေတဲ့ တောင်သူလူငယ်တစ်ယောက်ပါ။  ခုလို တောင်သူလူငယ်တွေပေါ်ထွန်းလာမှုကို အစိမ်းရောင်လမ်းက ဂုဏ်ယူစွာနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်