နေပီယာမြက်နဲ့ ကျေးရွာကိုပါ အကျိုးပြုပေးနိုင်သွားတဲ့ အစိမ်းရောင်လမ်းကတောင်သူ

28/08/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ကိုဇော်ထက်အောင်ကတော့ ဓာတ်ပုံပြိုင်ပွဲတွေကနေ အစိမ်းရောင်လမ်းကို စသိခဲ့သူပါ။ ခုအချိန်မှာဆိုရင် ဖေ့ဘုတ်တောင်သိပ်မသုံးဖြစ်တော့ဘဲ Green Way ထဲမှာပဲ သိချင်တာတွေမေးလိုက် သိတာတွေဖြေပေးလိုက်နဲ့ ဖုန်းဆော့ဝဲတစ်ခုကို ကောင်းကောင်းအသုံးချဖြစ်နေပါပြီ။

ဖေ့ဘုတ်သိပ်မသုံးဖြစ်တော့ဘူး Green Way မှာတော့ ညတိုင်းကြည့်ဖြစ်တယ်ဗျ။ ဖေ့ဘုတ်သုံးတာကျ စုံတော့ တအားအာရုံတွေများလို့ Green Way ပဲကြည့်ဖြစ်တာ။

    လေ့လာစရာဗဟုသုတတွေကို  ဖေ့ဘုတ်သုံးရင်း  စသိခဲ့ပေမယ့် အခုအချိန်မှာတော့ လိုချင်တဲ့စိုက်ပျိုးနည်းပညာတွေအတွက် အာရုံနောက်မခံတော့ပါဘူး။ ဖုန်းဆော့ဝဲတွေကို ရွေးချယ်သုံးတတ်သူတစ်ယောက် ဖြစ်နေပါပြီ။

ကျွန်တော် နဂိုကဆိုရင် နေပီယာမြက်ကို ဘာမှမသိဘူးပေါ့နော်။ ခု Green Way သုံးပြီး တော့ မွေးမြူရေးက နွားအကြောင်းကြည့်ဖြစ်တယ်။ နေဗီယာမြက်အကြောင်း သိလာရတယ်။ ဒီလိုနဲ့ မျိုးအကြောင်းစုံစမ်းပြီးစိုက်ထားတယ်။ ခုဆို နေဗီယာမြက်နဲ့ နွားတွေတော်တော်အဆင်ပြေနေပြီ နွားကျွေးဖို့ မပူရတော့ဘူးပေါ့ဗျာ။

    တော်တော်များများက အင်တာနက်သုံးတယ်ဆိုတာကို ဖေ့ဘုတ်သုံးတာလို့ပဲ မြင်နေကြသေးတဲ့အချိန်မှာ ကိုဇော်ထက်အောင်လို ကိုယ်လိုချင်တာအတွက် ရွေးချယ်အသုံးချတတ်သူတွေလည်း ရှိနေပါပြီ။ 

နေပီယာမြက်တွေစိုက်ထားတာကြာပြီ။ အမေးအဖြေမှာလဲ မေးဖြစ်တယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးတယ်ဗျ။ ဒီလိုနဲ့ ကျွန်တော်ဆက်သွယ်ပြီး စိုက်ဖြစ်ခဲ့တာ။ ခုရွာထဲမှာလည်း မျိုးတွေပြန်နေ့ပြီ။ ကျွန်တော့ဆီကနေလည်း ပေးတယ်လေ။ ကျွန်တော်တို့ဆီမှာတော့ နေပီယာမြက်နဲ့တင် နွားမွေးတဲ့လူတွေအဆင်ပြေနေတယ်

လို့ပြောပါတယ်။

    အစိမ်းရောင်လမ်းအနေနဲ့လည်း တောင်သူတွေအတွက် စိုက်ပျိုးမွေးမြူရေးနည်းပညာတွေ သီးသန့်လေ့လာလို့ရတဲ့ ဆော့ဝဲလေးတစ်ခု  ဖြစ်ခွင့်ရတာကို ဂုဏ်ယူလို့မဆုံးဖြစ်ရပါတယ်ဗျာ….

    ကိုဇော်ထက်အောင်လို ဆောင်းပါးတွေဖတ်တဲ့ အခြေအနေကနေ လက်တွေ့အသုံးချဖြစ်တဲ့အဆင့်ထိ တိုးတက်နေသူတွေရှိရင်လည်း ပြောပြပေးသွားပါအုံးနော်။ ဂုဏ်ပြုချင်လို့ပါဗျို့…..

    စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေမှာ အင်တာနက်ကို ကောင်းကောင်းအသုံးချပြီး နည်းပညာတွေလေ့လာ၊ လက်တွေ့လည်းလုပ်၊ ကျေးရွာကိုလည်းမျှဝေ၊ အမေးအဖြေတွေပါ ပါဝင်ဖြစ်နေတဲ့ ခေတ်မီတဲ့ တောင်သူလူငယ်တစ်ယောက်ဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ရေးသားဖော်ပြလိုက်ရပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်