အဆင့်(၁) ဆောဝဲလ်ထဲသို့ဝင်လိုက်ပါက ပင်မစာမျက်နှာတွင် မိုးလေဝသ အခြေအနေ အပြင် စိုက်ပျိုးနည်း ပညာ၊ မွေးမြူနည်းပညာ၊ အမေးအဖြေ၊ နေ့စဉ်ဈေးနှုန်းများ၊ အထွေထွေဗဟုသုတ၊ သတင်းတို့ကို မြင်ရပေမည်။ စစ်တမ်းကို မြင်တွေ့နိုင်ရန် ဖုန်းမျက်နှာပြင်ကို လက်ဖြင့် အပေါ်ဘက်သို့ဆွဲပါ။ ထိုအခါ ပုံတွင်ပြထားသည့် အတိုင်း မြင်ရပါမည်။

အဆင့်(၂) ထို့နောက် စစ်တမ်းသို့ဝင်ရောက်ပါက မိမိမဖြေရသေးသော စစ်တမ်းများကိုတွေ့ရပါမည်။ ဖြေပြီးပါကလည်းဖြေပြီးသား စစ်တမ်းကို မြင်တွေ့ရပါမည်။

အဆင့်(၃) ပုံတွင်တွေ့ရသကဲ့သို့ မိမိကြိုက်နှစ်သက်ရာ စစ်တမ်းကို ရွေးချယ်ရပါမည်။ ရွေးချယ်ပြီးပါက စဖြေမယ် ဆိုသော ခလုတ်ကို နှိပ်ပါ။

အဆင့်(၄) ထို့နောက် စစ်တမ်းရှိ မေးခွန်းများကို စတင်ဖြေဆိုနိုင်ပြီ ဖြစ်ပါတယ်။

အဆင့်(၅) မေးခွန်း တစ်ခုဖြေပြီးတိုင်း ရှေ့သို့နှိပ်ပြီး နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မံဖြေဆိုနိုင်ပါတယ်။ ပုံတွင်တွေ့ရသကဲ့သို့ မေးခွန်းအားလုံး ဖြေဆိုပြီးဆုံးပါက တင်မည် အားနှိပ်ပါ။ တင်မည် အားနှိပ်ပြီးပါက စစ်တမ်း ဖြေဆိုမှု ပြီးဆုံးမည် ဖြစ်ပါသည်။

Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more