ဝါးရုံပြုပြင်ခြင်း နှင့် မျှစ်များကိုစနစ်တကျရိတ်သိမ်းခြင်း

17/09/2018 13:52 PM တွင် BIF BIF မှ ရေးသား ပြီး BIF BIF မှ ပေးပို့ထားပါသည်။

ဝါးမျှစ်သည်လည်း ဟင်သီးဟင်းရွက်စားသုံးသီးနှံများကဲ့သို့ပင် စနစ်တကျုပြုပြင်ထိန်းသိမ်းရန်လိုအပ်ပါသည်။ ထိုကဲ့သို ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် အရည်အသွေးကောင်သော မျှစ်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး  ပြည်တွင်းဈေးကွက်တွင် သာမက ပြည်ပဈေးကွက်အထိပါဈေးကွက်ချဲ့ထွင် တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ ဝါးရုံများကို ပြုပြင်ထိန်းသိမ်းခြင်း မပြုလုပ်ပါက ရေရှည်တွင် ဝါးအရင်းအမြစ်များဆုတ်ယုတ်လာမည်ဖြစ်ပြီး ဝါးမျှစ်ထုတ်ယူနိုင်မှု ပမာဏမှာလျော့နည်းလာမည် ဖြစ်ပြီး အရည်အသွေးများလည်းကျဆင်းလာမည်ဖြစ်ပါသည်။ ဝါးရုံထိန်းသိမ်းပြုပြင်နည်း များစွာရှိသော်လည်း အခြေခံကျသောနည်းများဖြင့် စတင်ရန်လိုအပ်ပါသည်။ မျှစ်ကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချမည်ဆိုပါက မှန်ကန်သော ဝါးမျိုးစိတ်များရွေးချယ်၍ ဝါးစိုက်ပျိုးရေးခြံများ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ပါသည်။ ထိုမှသာဈေးကွက်ဝင်သော၊ အရည်အသွေးကောင်းသော၊ လုံလောက်သောအရေအတွက်ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ မျှစ်ထုတ်လုပ်နိုင်သည့် ဝါးအမျိုးအစားတွင် ချိုသောအရသာနှင့် ခါးသက်သောအရသာဟူ၍ ခွဲခြားသတ်မှတ် စိုက်ပျိုးထုတ်လုပ်ကြသည်။
၁။ ဝါးသည်မည့်သည့် တခြားသီးနှံများ သစ်ပင်များမပေါက်ရောက်နိုင်သည့် မြေတွင်လည်း ကောင်းစွာရှင်သန်နိုင်သည်။
၂။ မျှစ်ထုတ်လုပ်ရန်အတွက် ဝါးစိုက်ပျိုးပါက ပင်ကြား ( ၁၅ပေ ) နှင့် တန်းကြား ( ၁၅ပေ ) ထားရှိရမည်။
၃။ ဝါးစိုက်ပျိုးပြီး (၃) နှစ်သားအထိ ထားရှိရမည်ဖြစ်ပြီး မျှစ်စို့များစတင်ထွက်ရှိသည့်   ဧပြီ၊ မေလများတွင် ဝါးရုံများကို ပထမဝါးဆစ်ရောက်သည်အထိ မြေဖို့တင်ပေးရမည်ဖြစ်သည်။
၄။ ဇူလိုင်လ အရှေ့ပိုင်းထွက်ရှိလာသောမျှစ်များသည် အရေအတွက်နည်းပါးပြီး သန်မာကောင်းမွန်သောကြောင့် ဝါးရုံ သန်မာကြီးထွားရေးအတွက် ထားရှိရမည်ဖြစ်ပြီး ဇူလိုင်လနောက်ပိုင်းထွက်သောမျှစ်စို့များကိုသာ ရိတ်သိမ်းသင့်ပါသည်။
၅။ မနုမရင့်သောမျှစ်များကို အရင်းမှ ရိတ်သိမ်းရမည်ဖြစ်သည်။
၆။ မျှစ်များရိတ်သိမ်းပြီးစီးသည့်အခါတွင် ဝါးရုံသန့်ရှင်းရေးပြုလုပ်၍ဝါးရွက်ဆွေးများ၊ မြေဆွေးများ၊ ကောက်ရိုးများကို ဝါးရုံတွင်ဖုံးအုပ်ပေးခြင်းများပြုလုပ်ပါက မျှစ်စို့ထွက်မှုမှာ သိသိသာသာတိုးတက်လာမည် ဖြစ်ပြီး အရည်အသွေးများလည်း ကောင်းမွန်လာမည်ဖြစ်သည်။

 

 


Source - BIF


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်