အထူးကာကွယ် ရှောက်အနာချိုင့်အန္တရာယ်

19/12/2019 12:30 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရှောက်အနာချိုင့်ရောဂါကို Xanthomonas axonopodis ဟုခေါ်တဲ့ ဘက်တီးရီးယားရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ရောဂါကျရောက်နိုင်သော အပင်အစိတ်အပိုင်းတွေက အရွက်၊ ပင်စည်နှင့် အသီးတို့တွင် ဆိုးဆိုးရွားရွား ကျရောက်ပါတယ်။ ရောဂါကျရောက်ထားပါက အပင်၏ ရောဂါကျရောက်သော နေရာများမှာ အညိုရောင်အကွက်များ၊ ရေစိုနာကွက်ပုံစံ အစင်းကြောင်းများ၊ အဝါရောင်ဟောင်းလောင်းအပေါက်များနှင့် အနာများ ဖြစ်ပေါ်စေပါတယ်။ ၎င်းအနာများဟာ အချိန်ကြာလာတဲ့အခါ ဖော့တုံးပုံစံဖြစ်ပေါ်လာပြီး၊အပေါက်များ ဖြစ်ပေါ်လာစေတယ်။ ဘက်တီးရီးယားများက ရှောက်ပင်၏ အနာများ၊ ပင်စည်များနှင့် အသီးများအတွင်း ပိုမိုပွားများလာပါသည်။ ဘက်တီးရီးယားဆဲလ်များဟာ လေနှင့်အတူ ပျံနှံ့နိုင်ပြီး တစ်ခြားသော အပင်များကို ရောဂါကျရောက်စေပါတယ်။

ရောဂါဝင်ရောက်ပုံ
ရှောက်အနာချိုင့်ရောဂါဖြစ်စေသော ဘက်တီးရီးယားဟာ အပင်ရဲ့လေရှူပေါက်များ သို့မဟုတ် အနာဖြစ်နေသော အရွက်များနှင့် တစ်ခြားသော အပင်အစိတ်အပိုင်းများမှလည်း ဝင်ရောက်နိုင်ပါတယ်။ အရွက်နုများ သို့မဟုတ် ထွက်ခါစအရွက်များက ရောဂါကျရောက်မှုကို ခံနိုင်ရည်မရှိပါ။ ရှောက်အနာချိုင့်ရောဂါဖြစ်စေသော ဘက်တီးရီးယားက အနာဖြစ်နေသော အပင်အစိတ်ပိုင်းထဲတွင် အသက်ရှင်နေထိုင်နိုင်ပြီး တစ်ခြားသော အပင်များအပေါ်တွင်လည်း လပေါင်းများစွာ ရှင်သန်နိုင်ပါတယ်။

ထင်ရှားတဲ့ရောဂါလက္ခဏာများ
ရှောက်အနာချိုင့်ရောဂါသည် စီးပွားဖြစ်စိုက်ပျိုးသော တောင်သူများအတွက် ရှောက် သံပုရာသီးနှံတွင် ဆိုးဆိုးရွားရွားကျရောက်သော ရောဂါတစ်မျိုးဖြစ်သည့်အလျှောက် အရွက်များတွန့်လိမ်ခြင်း၊ အသီးများမရင့်မှည့်ခင် မြေပေါ်သို့ကြွေကျခြင်း၊ အရွက်များကြွေခြင်း၊ အသီး၏ အာဟာအရည်အသွေးကို ထိခိုက်စေခြင်း၊ စားသုံးရန်မသင့်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါတယ်။
အနာချိုင့်ရောဂါသည် ရှောက်သီးနှံထုတ်လုပ်မှုကို စီးပွားရေးအရ ဆုံးရှုံးမှုများစွာဖြစ်စေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ် ၁၅ မက်ထရစ်တန် အထိ အထွက်နှုန်းကို ထိခိုက်စေတယ်။ ရောဂါကျရောက်တဲ့ အပင်များကြောင့် အသီးထုတ်လုပ်မှုကို လျော့နည်းစေခြင်း၊ ဈေးကွက်သို့ ရောင်းတန်းမဝင်ခြင်းနှင့် ကုန်ကျစရိတ်ကို တိုးမြင့်စေပါတယ်။

ကာကွယ်နှိမ်နင်းနည်းတွေကတော့

ရောဂါကျရောက်ထားတဲ့ အပင်၏အစိတ်အပိုင်းများကို ရှင်းလင်းဖယ်ရှားပေးရပါမယ်။
စိုက်ခင်းအနီးရှိ ပေါင်းမြက်များကိုလည်း ရှင်းလင်းပေးမယ်။
မှိုသတ်ဆေးများ အသုံးပြုပြီးတော့လည်း ကာကွယ်နိုင်ပါတယ်ဗျာ့။
• Cupravit 50WP
• Dithane M-45
• Rovral 50WP
• Tilt 250 EC Bavistin
ဘော်ဒိုမစ်ချာ တို့ကို အသုံးပြု၍ ကာကွယ်နိုင်ပါတယ်။
လင်းလင်းထွန်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်