အသီးတစ်ထောင်/အဖီးတစ်ရာ ငှက်ပျောခိုင်

15/01/2018 17:18 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

က်ပျောတစ်ခိုင်ကနေ ငှက်ပျောသီးပေါင်း ရာထောင်ချီပြီး ပြွတ်သိပ်ကျပ်နေအောင် သီးတဲ့ ငှက်ပျောမျိုးတစ်မျိုးရဲ့ ဓာတ်ပုံကို Facebook မှာ တင်နေကြ၊ Share နေကြတာ မကြာခဏဆိုသလို တွေ့ရပါတယ်။

အမှတ်မထင်ဘဲ ဒီငှက်ပျောခိုင်နဲ့ ပတ်သက်လို့ မိတ်ဆွေတစ်ယောက်တင်ထားတဲ့ ဓာတ်ပုံတစ်ပုံ တွေ့ဖူးပါတယ်။ ဓာတ်ပုံကလည်း လှလှပပ အနားကွပ်တွေနဲ့ပါ။ အပင်ရဲ့ ဝန်းကျင်ပတ်ပတ်လည်မှာ ရာဇမတ်ကာထားတာတောင်တွေ့သလို ဓာတ်ပုံပေါ်မှာလည်း စာသားတွေက “မြတ်ဗုဒ္ဓ ခြေတော်ရာစက် (၁၀၈) ကွက် ဗုဒ္ဓစက် ကိုးနဝင်းကြေ ထူးဆန်းဖွယ် ငှက်ပျောပင်ကြီး၊ မဟာဗောဓိ တစ်ထောင်” လို့ ရေးထားတာတွေ့ရတယ်။ ဓာတ်ပုံရဲ့အနေအထားကိုကြည့်ရတာကတော့ ဒီအပင်ဟာ ထူးဆန်းအံ့ဖွယ်ဖြစ်ပြီး တန်ခိုးရှိတယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆကြပုံရပါတယ်။ တစ်ခုခုအကျိုးတစ်စုံတရာ ရှိမယ်ထင်လို့ အဆောင်သဘောမျိုးလား၊ ကိုးကွယ်ရာအဖြစ် သဘောထားတာလားတော့ မသိပါဘူး။

တကယ်တော့ ဒီငှက်ပျောမျိုးဟာ ပုံမှန်ကနေ ထူးကဲပြီး ဖြစ်လာတာ မဟုတ်သလို ဘာဖြစ်ရပ်ဆန်းအံ့ဖွယ်မှလည်း မဟုတ်ပါဘူး။ ကမ္ဘာမှာ မှတ်တမ်းတင်ထားပြီးဖြစ်တဲ့ ငှက်ပျောမျိုးတွေထဲက ငှက်ပျောမျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်တွေ့မြင်နေကြ ငှက်ပျောသီးခိုင်မျိုးမဟုတ်ဘဲ သီးနေတာဖြစ်တဲ့အတွက် မသိသေးတဲ့သူတွေအတွက် အထူးအဆန်းတော့ ဖြစ်မိကောင်း ဖြစ်မိကြမှာပါပဲ။

ဒီအပင်ရဲ့ မြန်မာနာမည်တွေကတော့ သုံးမျိုးတွေ့ရပါတယ်။ အသီးအလုံးအရေအတွက်ကြည့်ပြီး အသီးတစ်ထောင်ငှက်ပျော လို့ ခေါ်ကြသလို အဖီးအရေအတွက်ကိုကြည့်ပြီး အဖီးတစ်ရာငှက်ပျော လို့လည်း ခေါ်ကြပါတယ်။ တချို့လည်း ငှက်ပျောခိုင်ကြီးဟာ ရှည်ပြီး ဆင်နှာမောင်းပုံဖြစ်နေလို့ ဆင်နှာမောင်းငှက်ပျော လို့ ခေါ်သူတွေလည်း ရှိပါတယ်။  အင်္ဂလိပ်အမည်ကတော့ Thousand Fingers Banana လို့ခေါ်ပြီး သူ့ရဲ့ ရုက္ခဗေဒအမည်ကတော့ Musa chiliocarpa ဖြစ်ပါတယ်။ AAB အုပ်စုမှာ ပါဝင်ပါတယ်။ Thousand Fingers Banana ဆိုတဲ့ အမည်ကိုတော့ ၁၆၈၇ ခုနှစ်မှာ ပြင်သစ်သံတမန် Simon de la Loubere ဆိုသူက သူရဲ့ အယုဒ္ဓယသို့ ခရီးသွားမှတ်တမ်းမှာ စတင်သုံးစွဲခဲ့တယ်လို့ Webpage တစ်ခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ ငှက်ပျောမျိုးတွေရဲ့ မူရင်းဒေသဖြစ်တာကြောင့် ဒီငှက်ပျောမျိုးကိုလည်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရတတ်ပါတယ်။ ငှက်ပျောပင်ဟာ ၈-၁၂ ပေအထိ အမြင့်ရှိပြီး ငှက်ပျောခိုင်ဟာ ပျမ်းမျှ ၅-၇ ပေခန့်ရှည်ပြီး ငှက်ပျောဖူးဟာ မြေကြီးထိသည်အထိ သီးခိုင်ထွက်တတ်ပါတယ်။ အသီးရဲ့ အရွယ်အစားဟာ ၁ လက်မ၊ ၁ လက်မခွဲ လောက်ဖြစ်ပြီး ပုံမှန်ငှက်ပျောသီးတွေလိုပဲ အစေ့မပါ ပါဘူး။ အနံ့အရသာ ချိုမွှေးပြီး စားလို့ရပါတယ်။

မျိုးပွားစိုက်ပျိုးချင်ရင်တော့ အခြားငှက်ပျောမျိုးတွေလိုပဲ သားတက် (Sucker) ကို ခွဲပြီး စိုက်လို့ ရပါတယ်။

ဒီငှက်ပျောမျိုးကို အခြားတိုင်းပြည်များမှာတော့ ပန်းခြံတွေမှာ မြေယာအလှဆင်ခြင်း (Landscaping) အတွက် အလှစိုက်ငှက်ပျောမျိုး (Ornamental Banana) အဖြစ် အသုံးများပြီး ရုက္ခဗေဒဥယျာဉ် (Botanical Garden) တွေမှာ အပင်မျိုးစိတ်များပြသရာ (Plant Species Display) မှာ တွေ့ရနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ အသီးဟာ အရွယ်အစားသေးပြီး ချိုမွှေးတာကြောင့် စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အချိုပွဲငှက်ပျော (Dessert Banana) အဖြစ် အသုံးပြုကြကြောင်း ဗဟုသုတဖြစ်ဖွယ် မျှဝေရေးသားလိုက်ပါတယ်။    ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

25-7-2014


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်