မွေးမြူရေးလုပ်ကိုင်လိုသူများ၊ လက်ရှိမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် မွေးမြူသူများအတွက် လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့်ရရှိရန် တင်ပြလျှောက်ထားဖို့အတွက် လိုအပ်တဲ့အချက်အလက် အထောက်အထားများနှင့်အတူ (၂၇.၁.၂၀၂၀) ရက်နေ့နောက်ဆုံးထားပြီး မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ ပေးပို့နိုင်ပါပြီ။
ပူးတွဲတင်ပြရန် လိုအပ်သည့်အချက်များ
- မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခြံမှတ်ပုံတင်လက်မှတ်မိတ္တူ
- မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်လက်မှတ်မိတ္တူ
- လယ်ယာမြေအခြားနည်းဖြင့် သုံးစွဲခွင့်ရရှိရန် သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြထားသည့် အထောက်အထားမိတ္တူ
- လက်ရှိမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဌ၏ ထောက်ခံတင်ပြစာ
ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်..
ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။
ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း..
သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။
ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်…
‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။
Aqua Booster ဆိုတာ…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။
ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။
ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ…
ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။)
ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more
Facebook စာမျက်နှာသို့သွားရန်