သြဂဲနစ်စိုက်ပျိုးရေးဆီသို့

31/03/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် စိုက်ပျိုးရေးနှင့်ကျန်းမာရေးကဏ္ဍမြှင့်တင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ENI ဖောင်ဒေးရှင်း၏ အကူအညီဖြင့် PC Myanmar မှ "စိုက်ပျိုးပညာမျှဝေရာ" ဆိုတဲ့ ရေဒီယို ထုတ်လွှင့်မှုအစီအစဉ်ဖြစ်ပါတယ်။

ဓာတုဓာတ်ကြွင်းတွေကြောင့် စိုက်ပျိုးသဘာဝပတ်ဝန်းကျင်သာမက လူသားတို့ရဲ့ ကျန်းမာရေးကိုပါထိခိုက်လာတာကြောင့် တောင်သူတို့အများစုအနေနဲ့လည်း စိတ်ဝင်စားမယ့် သြဂဲနစ်စိုက်ပျိုးရေးအကြောင်း ကို မြန်မာသြဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်း တည်ထောင်သူနှင့် ဒုတိယဥက္ကဠ ဖြစ်တဲ့ ဆရာမကြီး ဒေါက်တာသန်းသန်းစိန် ကဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်။