မွေးမြူရေး အစာအပေါ်တွင် အခွန်ကောက်ခံမှု လျှော့ချပေးရန် တောင်းဆို

17/01/2019 10:35 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မွေးမြူရေးအစာဖြစ်သော Meat and Bone Meal (အသားနှင့် အရိုး အစားအစာ) များ အပေါ်တွင် အခွန် ကောက်ခံမှု လျှော့ချပေးရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အစိုးရသို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ Meat and Bone Meal မွေးမြူရေး အစာများကို နယ်သာလန်မှ စတင် တင်သွင်းအသုံးပြုခဲ့ပြီး Custom Duty ပေးဆောင်ရာတွင် အစာကုန်ကြမ်းအဖြစ် ၁.၅% သာ ကောက်ခံခဲ့ ပြီး၊ ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ ၂ ရက်နေ့တွင် H.S Code 2301.10.00 ဖြင့် သတ်မှတ်၍ (၁၅%) အထိ ကောက်ခံရန် ဆုံးဖြတ်ခဲ့သဖြင့် Meat and Bone Meal တင်သွင်းမှုအပေါ်တွင် H.S code 2309.90.20 အဖြစ်သာ သတ်မှတ် ၍ (၁.၅%) သာ ကောက်ခံပေးပါရန် အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်လှိုင်က အဖွဲ့ချုပ်ကိုယ်စား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန်