၁) ဆေးရွက်ကြီးအခြောက် ၅၀ ကျပ်သား
၂) ငရုတ်သီးစိမ်း ၅၀ ကျပ်သား
၃) ချင်း ၅၀ ကျပ်သား
၄) အသင့်သုံးအီးအမ် ၁ လီတာ
၅) ရေ ၅၀ လီတာ
ဖျော်စပ်အသုံးပြုပုံ
- ဆေးရွက်ကြီး၊ ငရုတ်သီးစိမ်းနှင့် ချင်းတို့ကို ကြေညက်အောင်ထုထောင်းပြီး ရေ (၅၀) လီတာထဲတွင် ထည့်၍ဖျော်ပါ။
- အသင့်သုံးအီးအမ် တစ်လီတာကိုလည်း ရေထည့်ပေးပါ။
- နှံ့စပ်အောင်မွှေပြီးလျှင် ပုံးကို ဖုံးအုပ်ထားပါ။
- တစ်နေ့တစ်ကြိမ်မွှေပေးပါ။
- ဆယ်ရက်ပြည့်ပြီးပါက အသုံးပြုနိုင်ပါပြီ။
- ရေလေးဂါလံလျှင် ဆေးရည် နို့ဆီဘူးတစ်ဘူးနှုန်း ရောစပ်ပက်ဖျန်းရသည်။
- စတင်သုံးစွဲသည်မှ ဆယ်ရက်အတွင်း ကုန်အောင်သုံးစွဲရသည်။ ဆယ်ရက်ကျော်ပါက အာနိသင်များ လျော့ပါးသွားသည်။
ပျပိုး၊ လှေးပိုး၊ ငမြှောင်တောင် စသည်များကို ကာကွယ်နိုင်သည်။ သဘာဝပိုးသတ်ဆေးများတွင် အလွယ်ကူဆုံး ဖျော်စပ်သုံးစွဲနိုင်သည့် ဆေးဖြစ်သည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
ဆုဆွေဖောင်ဒေးရှင်း