ခရမ်းချဉ်သီးလေး‌တွေ အမှည့်မလွန်သေးဘဲ အထဲမှာတင် အစေ့အညှောင့်ပေါက်တာ ဘာကြောင့်ပါလဲ

11/09/2021 19:00 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

    သင်က ဟင်းချက်တဲ့သူ၊ လက်ဖက်အမြဲသုပ်တဲ့သူတစ်ယောက်ဆိုပါက ခရမ်းချဉ်သီးက အပြင်ဘက်မှည့်နေရုံပဲရှိပီး အထဲမှာ အပင်‌ပေါက်ကလေးတွေေဖြစ်နေတာကို မြင်ဖူးပါလိမ့်မယ်။ 

    အဲ့ဒါဘာကြောင့်လဲဆိုတာကို ဒီကနေ့ Su လေ့လာ‌ပြီးပြောပြပေးပါမယ်။ 

    ဒီလို အထဲမှာ အစေ့လေးတွေအ‌ညှောင့်ပေါက်တာကို အစေ့အချိန်မတန်သေးဘဲ၊ မရင့်မှည့်သေးဘဲ အပင်အညှောင့်ထွက်ခြင်း (premature germination) လို့ခေါ်ပြီး Agricultural အခေါ်အဝေါ်အရ Vivipary (live birth in Latin) ရှင်နေလျှက်နှင့် မွေးဖွားခြင်းလို့ ဆိုပါတယ်။ ( လူတွေလိုပဲပေါ့နော်)

    များသောအားဖြင့် vivipary ဖြစ်စဉ်က မတွေ့ရပေမဲ့ နွယ်ဖြင့်သီးတဲ့ခရမ်းချဉ်သီးမှာတော့ တွေ့ရများပါတယ်။

    နောက်ထပ်အနေနဲ့ ငရုတ်ပွ၊ ပန်းသီး၊ သစ်တော်သီး၊ ဖရဲ၊ သခွားမွှေးသီးတို့မှာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။

    ဘယ်အချိန်မှာ vivipary ဖြစ်လဲဆိုရင်တော့ အစေ့အညှောင့်မပေါက်ခင် မြုံနေတဲ့ကာလကို ကျော်ဖြတ်ရန် ဟော်မုန်းများမှ လျော့ချခြင်း၊ သဘာဝအတိုင်း အသီးအမှည့်လွန်ခြင်းနဲ့ အာဟာရဓာတ် ချို့တဲ့ခြင်းများကြောင့် ဖြစ်ပွားတတ်ပါတယ်။

    နောက်ထပ်က အပူချိန် ၅၅ ဒီဂရီအောက်  အပူချိန်တွင်သိုလှောင်ထားပါကလည်း ဖြစ်ပွားတတ်ပါတယ်။

အဓိကအားဖြင့်

- နိုက်ထရိုဂျင် (ယူရီယား) မြေဩဇာ အလွန်အကျွံသုံးစွဲခြင်း

- ပိုတတ်ဆီယမ်ဓာတ်ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ပွားတာများပါတယ်။

    ဒီအပင်လေးတွေကို အပင်သစ်ရအောင်စိုက်ပျိုးနိုင်ပေမဲ့ စားသုံးဖို့တော့ မသင့်တော်တော့ပါဘူးနော်။ 

    အပင်သစ်လေးတွေကတော့ မိခင်ပင်နဲ့တူတဲ့ clone plant ကို ရရှိတော့မှာမဟုတ်တဲ့အပြင် သူအတွက် တစ်ခြားအပင်နဲ့ဝတ်မှုံကူးတဲ့အခါ မျိုးသစ်ပုံစံလေးတွေ ထွက်လာမှာပဲဖြစ်ပါတယ်။ 

    နောက်ပီး နွေရာသီမှာသီးတဲ့ အသီးတွေမှာတော့ vivipary ဖြစ်တာကို မတွေ့ကြရတာများကြပါတယ်။ 

    ဒါကြောင့် စားသုံးသူတွေအနေနဲ့လည်း ဒီလိုအညှောင့်ပေါက်လေးတွေတွေ့ရင် မစားကြပါနဲ့။ တကယ်လို့ စားမယ်ဆိုရင်လည်း အထဲကအစေ့အညှောင့်ပေါက်လေးတွေကို ဖယ်ပြီးမှသာ စားပါနော်။ 

    ထုတ်လုပ်သူတွေအနေနဲ့လည်း နိုက်ထရိုဂျင်နဲ့ ပိုတက်ဆီယမ်မြေဩဇာတို့ကို မျှတအောင် အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ 

Reference :

https://hoke.ces.ncsu.edu/2018/07/why-are-tomato-seeds-sprouting-inside-of-my-tomato/

https://news.extension.uconn.edu/2014/06/04/seeds-sprouting-inside-a-tomato/#

https://www.gardeningknowhow.com/edible/vegetables/tomato/seeds-germinating-in-tomato.htm

Photo from Google 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်