ခရမ်းချဉ်သီးလေး‌တွေ အမှည့်မလွန်သေးဘဲ အထဲမှာတင် အစေ့အညှောင့်ပေါက်တာ ဘာကြောင့်ပါလဲ

11/09/2021 19:00 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

    သင်က ဟင်းချက်တဲ့သူ၊ လက်ဖက်အမြဲသုပ်တဲ့သူတစ်ယောက်ဆိုပါက ခရမ်းချဉ်သီးက အပြင်ဘက်မှည့်နေရုံပဲရှိပီး အထဲမှာ အပင်‌ပေါက်ကလေးတွေေဖြစ်နေတာကို မြင်ဖူးပါလိမ့်မယ်။ 

    အဲ့ဒါဘာကြောင့်လဲဆိုတာကို ဒီကနေ့ Su လေ့လာ‌ပြီးပြောပြပေးပါမယ်။ 

    ဒီလို အထဲမှာ အစေ့လေးတွေအ‌ညှောင့်ပေါက်တာကို အစေ့အချိန်မတန်သေးဘဲ၊ မရင့်မှည့်သေးဘဲ အပင်အညှောင့်ထွက်ခြင်း (premature germination) လို့ခေါ်ပြီး Agricultural အခေါ်အဝေါ်အရ Vivipary (live birth in Latin) ရှင်နေလျှက်နှင့် မွေးဖွားခြင်းလို့ ဆိုပါတယ်။ ( လူတွေလိုပဲပေါ့နော်)

    များသောအားဖြင့် vivipary ဖြစ်စဉ်က မတွေ့ရပေမဲ့ နွယ်ဖြင့်သီးတဲ့ခရမ်းချဉ်သီးမှာတော့ တွေ့ရများပါတယ်။

    နောက်ထပ်အနေနဲ့ ငရုတ်ပွ၊ ပန်းသီး၊ သစ်တော်သီး၊ ဖရဲ၊ သခွားမွှေးသီးတို့မှာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။

    ဘယ်အချိန်မှာ vivipary ဖြစ်လဲဆိုရင်တော့ အစေ့အညှောင့်မပေါက်ခင် မြုံနေတဲ့ကာလကို ကျော်ဖြတ်ရန် ဟော်မုန်းများမှ လျော့ချခြင်း၊ သဘာဝအတိုင်း အသီးအမှည့်လွန်ခြင်းနဲ့ အာဟာရဓာတ် ချို့တဲ့ခြင်းများကြောင့် ဖြစ်ပွားတတ်ပါတယ်။

    နောက်ထပ်က အပူချိန် ၅၅ ဒီဂရီအောက်  အပူချိန်တွင်သိုလှောင်ထားပါကလည်း ဖြစ်ပွားတတ်ပါတယ်။

အဓိကအားဖြင့်

- နိုက်ထရိုဂျင် (ယူရီယား) မြေဩဇာ အလွန်အကျွံသုံးစွဲခြင်း

- ပိုတတ်ဆီယမ်ဓာတ်ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ပွားတာများပါတယ်။

    ဒီအပင်လေးတွေကို အပင်သစ်ရအောင်စိုက်ပျိုးနိုင်ပေမဲ့ စားသုံးဖို့တော့ မသင့်တော်တော့ပါဘူးနော်။ 

    အပင်သစ်လေးတွေကတော့ မိခင်ပင်နဲ့တူတဲ့ clone plant ကို ရရှိတော့မှာမဟုတ်တဲ့အပြင် သူအတွက် တစ်ခြားအပင်နဲ့ဝတ်မှုံကူးတဲ့အခါ မျိုးသစ်ပုံစံလေးတွေ ထွက်လာမှာပဲဖြစ်ပါတယ်။ 

    နောက်ပီး နွေရာသီမှာသီးတဲ့ အသီးတွေမှာတော့ vivipary ဖြစ်တာကို မတွေ့ကြရတာများကြပါတယ်။ 

    ဒါကြောင့် စားသုံးသူတွေအနေနဲ့လည်း ဒီလိုအညှောင့်ပေါက်လေးတွေတွေ့ရင် မစားကြပါနဲ့။ တကယ်လို့ စားမယ်ဆိုရင်လည်း အထဲကအစေ့အညှောင့်ပေါက်လေးတွေကို ဖယ်ပြီးမှသာ စားပါနော်။ 

    ထုတ်လုပ်သူတွေအနေနဲ့လည်း နိုက်ထရိုဂျင်နဲ့ ပိုတက်ဆီယမ်မြေဩဇာတို့ကို မျှတအောင် အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ 

Reference :

https://hoke.ces.ncsu.edu/2018/07/why-are-tomato-seeds-sprouting-inside-of-my-tomato/

https://news.extension.uconn.edu/2014/06/04/seeds-sprouting-inside-a-tomato/#

https://www.gardeningknowhow.com/edible/vegetables/tomato/seeds-germinating-in-tomato.htm

Photo from Google 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်