ဖျက်ပိုး​လျော့ပါးစေရန် တွဲဖက်စိုက်ပျိုးသင့်သည့် ထောင်ချောက်သီးနှံပင်

10/08/2020 17:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အပင်ဖျက်ပိုးမွှားများကို ကာကွယ်နှိမ်နင်းရန် တောင်သူများသည် ပိုးသတ်ဆေးများသုံးခြင်းသာမက စိုက်နည်းပျိုးနည်းများကို ပြောင်းလဲခြင်း၊ ဇီဝနည်းဖြင့်နှိမ်နင်းခြင်း စသောနည်းလမ်းမျိုးစုံကို အသုံးပြုကြပါသည်။ ထိုနည်းစနစ်များထဲတွင် ထောင်ချောက်သီးနှံစိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ 

    ထောင်ချောက်သီးနှံဆိုသည်မှာ မိမိတို့ အဓိကစိုက်ပျိုးလိုသောသီးနှံတွင် ကျရောက်ဖျက်ဆီးသော ပိုးမွှားကျရောက်မှုမှသက်သာစေရန် ရည်ရွယ်၍စိုက်ပျိုးသော အပင်များဖြစ်ပါသည်။

    သီးနှံတစ်ခုတွင် ထောက်ချောက်သီးနှံကို ထည့်သွင်းစိုက်ပျိုးပေးခြင်းသည် ပိုးကျရောက်မှုသက်သာစေရုံသာမက ဓာတုဆေးသုံးစွဲမှုကိုပါ လျော့နည်းစေပါသည်။ ဆိုးရွားစွာ ဖျက်ပိုးကျရောက်သောဒေသများတွင် ထောင်ချောက်သီးနှံစိုက်ပျိုးခြင်းဖြင့် သီးနှံများ၏ပျက်စီးမှုကို သက်သာစေနိုင်ပါသည်။

    သို့သော် ထောင်ချောက်သီးနှံစိုက်မည့် တောင်သူတစ်ဦးသည် ဖျက်ပိုး၏အလေ့အထ၊ ဘဝစက်ဝန်း၊ ပြောင်းရွေ့ပုံနှင့် ဖျက်ဆီးမှုလက္ခဏာများကိုပါ သိရန်လိုအပ်ပါသည်။ ဖျက်ပိုးသည် မည်သည့်အပင်အမျိုးအစားကိုနှစ်သက်သည် မနှစ်သက်သက်သည်ကိုလည်း သိရန်လိုပါသည်။

    မိမိ အဓိကစိုက်ပျိုးမည့်သီးနှံ၏ သက်တမ်းကို သိရန်လည်းလိုပြီး အဓိကသီးနှံနှင့်ယှဥ်ကာ ထောင်ချောက်သီးနှံကို မည်သည့်အချိန်တွင်စိုက်ရမည်ကို သိရပါမည်။ ထောင်ချောက်သီးနှံ၏ သဘာဝနှင့် သက်တမ်းကိုပါ သိရမည့်အပြင် မိမိရွေးချယ်သော ထောင်ချောက်သီးနှံသည် ဖျက်ပိုးများကိုဆွဲဆောင်နိုင်မည့် သီးနှံပင်မျိုးဖြစ်ရန် လိုပါသည်။ ထို့ပြင် မိမိအဓိကစိုက်ပျိုးမည့်သီးနှံထက် ကြီးထွားမှုမြန်သောသီးနှံ ဖြစ်ရပါမည်။ ထောင်ချောက်သီးနှံကို မည်သည့်ပုံစံနှင့်စိုက်ရမည်ကို သိရပါမည်။

    ကြက်သွန်နီ၊ ကြက်သွန်ဖြူများအတွက် ရွှေဒင်္ဂါးပန်းကို ထောင်ချောက်သီးနှံအဖြစ် ဘေးပတ်လည်တွင် စိုက်နိုင်ပါသည်။

    ရွှေဒင်္ဂါးစိုက်ခြင်းသည် ဖျက်ပိုးကျရောက်မှုသက်သာစေရုံသာမက ရွှေဒင်္ဂါး၏အမြစ်များသည် နီမတုတ်များကိုပါ သေစေနိုင်သောကြောင့် စိုက်ခင်းများစွာတွင်ရွှေဒင်္ဂါးကိုစိုက်ကြပါသည်။ 

    မုန်လာဥနီအတွက် ကြက်သွန်ဖြူ ကြက်သွန်နီကို ထောင်ချောက်သီးနှံအဖြစ် စိုက်ခင်းပတ်လည်တွင် စိုက်နိုင်ပါသည်။

    ဂေါ်ဖီထုပ်အတွက်မူ မုန်ညှင်းစိမ်းနှင့် ကိုက်လန်ကို တန်းကြားညှပ်၍ စိုက်ရပါမည်။

    ခရမ်းချဥ်တွင်မူ တရုတ်နံနံ၊ ပင်စိမ်းကဲ့သို့သောအပင်မျိုးကို တန်းကြားညှပ်စိုက်သင့်ပါသည်။

    ဝါပင်များတွင်မူ ရုံးပတီပင်များကို စိုက်ခင်းဘေးပတ်လည်တွင် စိုက်နိုင်ပါသည်။

    စိုက်ပျိုးရာတွင် ဘောင်ပတ်လည်တွင်သာမက တန်းညှပ်စိုက်ပျိုးခြင်း၊ ရောစိုက်ခြင်းများကိုပြုလုပ်မှသာ ပိုးကျရောက်မှု လျော့နည်းနိုင်မည်ဖြစ်ပါသည်။

    ထောင်ချောက်သီးနှံစိုက်ပျိုးခြင်းသည် ဖျက်ပိုးကျရောက်မှုကို လျော့ပါးစေနိုင်သော်လည်း လုံးဝ ဖျက်ပိုးမရှိအောင် ကာကွယ်နိုင်မည်တော့မဟုတ်ပါ။ သို့သော် ဓာတုဆေးသုံးစွဲမှုလျော့နည်းစေခြင်း၊ အကျိုးပြုမိတ်ဆွေပိုးများကို ဆွဲဆောင်နိုင်ခြင်းနှင့် မိတ်ဆွေပိုးများအတွက် နေထိုင်စရာလက်ခံပင်ကို ဖန်တီး​ဖြစ်ပေါ်စေခြင်း၊ တစ်ခါတရံ ထောင်ချောက်သီးနှံများမှ အပို​ဝင်ငွေရခြင်း စသောအကျိုး​များရစေပါသည်။ သို့ရာတွင် ထောင်ချောက်သီးနှံသည် မိမိ အဓိကစိုက်ပျိုးသောသီးနှံနှင့်ယှဥ်ကာ အစာအာဟာရလုခြင်း၊ အပင်ရုံသည် လိုအပ်သည်ထက် ပိုမိုသိပ်သည်းခြင်းများဖြစ်လာပါက အပင်ကို လိုအပ်သလို မှုန်းပစ်ရပါမည်။ ထောင်ချောက်သီးနှံပင်တွင် ဖျက်ပိုးများ ကာလကြာရှည်စွာ ခိုအောင်းမနေရန် စစ်ဆေးပြီး ချေမှုန်းရပါမည်။ ထိုသို့ သတိမပြုမိပါက ထောင်ချောက်ပင်သည် ဖျက်ပိုးများ၏ လက်ခံပင်ဖြစ်သွားတတ်ပြီး နောက်ထပ်သီးနှံအဆက်ဆက်ထိပါ ဖျက်ပိုးပါသွားနိုင်ပါသည်။ 

    ထောင်ချောက်သီးနှံစိုက်ခြင်းသည် သမားရိုးကျစိုက်ပျိုးခြင်းထက် အနည်းငယ်အလုပ်ရှုပ်သော်လည်း ဖျက်ပိုးကျရောက်မှုကို လျော့နည်းစေခြင်း၊ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲရခြင်းမှ ကာကွယ်ပေးခြင်း၊ ထောင်ချောက်သီးနှံများသည် တစ်ခါတရံ မိသားစုစားရန် ဖူလုံသည့်အပြင် အပိုဝင်ငွေရစေခြင်းတို့ကြောင့် ဖျက်ပိုးကျ​ရောက်မှုများ​သော ဒေသများတွင်မိမိတို့နှင့်ကိုက်ညီသော ထောင်ချောက်သီးနှံကို ရွေးချယ်စိုက်ပျိုးရန် အကြံပေးမိပါတော့သည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်