ကြက်ဆင်ကို အလှမွေးတိရစ္ဆာန်အဖြစ်မွေးမြူသူ ယခင်ကထက်များပြားလာ

17/12/2021 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

ကိုဗစ်-၁၉ ကာလအတောအတွင်း လူအများ စိတ်အပန်းဖြေစရာတစ်ခုအနေဖြင့် ကြက်ဆင်ကို အလှမွေးတိရစ္ဆာန်အဖြစ်မွေးမြူသူ ယခင်ကထက် များပြားလာကြောင်း ကြက်ဆင်မွေးမြူရောင်းချသူများထံမှ သိရသည်။

အခုကာလအတွင်းမှာ ကြက်ဆင်ကို တော်တော်များများ မွေးမြူလာကြပါပြီ။ လက်ရှိဆိုရင် ကျွန်တော့်ခြံမှာ ကြက်ဆင်တစ်လသား သားကွဲအရွယ် တစ်ကောင်ကို ၇၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေပါတယ်။ တစ်လကို ကြက်ဆင်သားပေါက် ၁၀၀ လောက်အထိ ရောင်းနေရပါတယ်။ တစ်နိုင်တစ်ပိုင် မွေးမြူသူတွေနဲ့ အလှမွေးကြသူတွေက ဝယ်ယူနေကြပါတယ် ခင်ဗျာ။

ဟု ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့မှ တစ်နိုင်တစ်ပိုင် ကြက်ဆင်မွေးမြူရေးလုပ်ကိုင်သူ ကိုသန့်ဇင်က ပြောသည်။

အလှမွေးမြူရောင်းချရာတွင် ကြက်ဆင်သားပေါက်၏ အရောင်အပေါ်မူတည်ပြီး စျေးအမျိုးမျိုးရောင်းချကြပြီး၊ ကြက်ဆင် အဖြူရောင်စစ်စစ်၊ အနက်ရောင်စစ်စစ်၊ နီညို (ချောကလက်)ရောင်၊ အပြာရောင်ဟူ၍ အရောင်အသွေးအပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိကြောင်း သိရသည်။

စီးပွားဖြစ် တစ်နိုင်တစ်ပိုင် မျိုးကြက်ဆင်ကြီး ကောင်ရေ ၄၀/၅၀ မွေးသူတွေလည်း ရှိလာပါပြီ။အပျော်တမ်း မျိုးကြက်ဆင် ၁၀ ကောင်လောက်စီ မွေးမြူထားသူတွေလည်း အရင်ကထက် ပိုများလာပါတယ်။ အလှမွေးအတွက် ၄/၅ ကောင် မွေးထားသူတွေကတော့ မြို့နယ်တိုင်းမှာလိုလို ရှိနေကြပါပြီ ခင်ဗျ။ နီညို (ချောကလက်) ရောင်နဲ့ အပြာရောင်တွေကို မွေးမြူတဲ့အခါမှာ ကြက်ဆင်တွေထဲမှာ ရှားပါးအရောင်တွေဖြစ်တဲ့အတွက် အလှမွေးကြက်ဆင်အနေနဲ့ စျေးများတဲ့ အရောင်တွေ ဖြစ်ကြပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

ကြက်ဆင်သားပေါက်ဈေးကွက်အနေဖြင့် တစ်လသား သားကွဲအရွယ် (သာမန်အရောင်) တစ်ကောင်လျှင် ၇၅၀၀/၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
စုပ်စားပိုးတွေအကုန် ထိပ်ဆုံးက‌‌ကြောက်ရတာကတော့ မာလာမြိုင် သော ပါပဲ။ အစွမ်းရှိပစ္စည်း (Thiamethoxam 35% SC ) ရဲ့ ထိသေ စားသေနှင့် ပင်လုံးပျံ့အစွမ်းကြောင့် ကြက်သွန်မှာ ကျရောက်တတ်တဲ့ ပျ၊လှေးပိုး၊ယင်ဖြူ တွေအားလုံး မာလာမြိုင် "သော" လာပြီဆိုတာနဲ့ မထိရဲ မစားရဲဘဲ ဝေးဝေးရှောင် ကုန်တာပေါ့ လိုက်နာရမယ့်ချက်များ 📌 ဆေးဖျန်းပြီးပြန်လည်ဝင်ရောက်ရမယ့် ကာလမှာ (၂၄)နာရီဖြစ်ပါတယ်။ 📌 ဆေးဖျန်းပြီး ရက်ခြား(၁၀)ရက်ဖြစ်ဖို့နဲ့ 📌 သီးနှံတစ်ရာသီမှာ (၂) ကြိမ်ထက်ပိုမဖျန်းဖို့ လိုအပ်ပါတယ်ဗျာ။ Hotlineဖုန်းနံပါတ် 09-799993322မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်၊၊ #တောင်သူတိုင်းအတွက်မာလာမြိုင်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်