မြေဆီလွှာတွင် သစ်သားထွက်ပစ္စည်းများကို အသုံးချခြင်း

29/12/2021 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေဆီလွှာပြုပြင်ရန် ရောင်းတန်းဝင် သဘာဝမြေသြဇာမှာ ယခုခေတ်တွင် အချို့နိုင်ငံ၌ သစ်သားထွက်ပစ္စည်းများကို အသုံးပြုကြသည်။ ထိုပစ္စည်းများမှာ သစ်ပင်မှ အခေါက်အမှုန့်များ (Ground bark) နှင့် ဆွေးမြေ့နေသော ပါးပါးပြားပြားစင်းထားသည့် သစ်သားအစများ (Wood Chips) တို့ပင်ဖြစ်သည်။ 

ထိုသစ်သားထွက်ပစ္စည်းများသည် မြေစေးကိုဖွာအောင်လုပ်ရန် ကောင်းမွန်သည်။ ထိုသစ်သားထွက်ပစ္စည်းများသည် ကောင်းစွာဆွေးမြေ့သွားသည်နှင့် အကျိုးရှိသည်။ သစ်သားမှ ဘေးထွက်ပစ္စည်းဖြစ်သည့် လွှစာ (Sawdust) နှင့် ရေပေါ်စာများ (Shavings) ကို မဆွေးမြေ့မီအသုံးပြုပါက မြေဆီလွှာအတွင်းရှိ နိုက်ထရိုဂျင်ဓာတ်ကိုသုံးစွဲသဖြင့် အပင်သေနိုင်သည်။ ထို့ကြောင့် သစ်သားဘေးထွက်ပစ္စည်းများကို သုံးစွဲပါက တစ်ပြိုင်တည်း နိုက်ထရိုဂျင်ဓာတ်ပါသော မြေသြဇာကိုပါ ထည့်ပေးရသည်။

နိုက်ထရိုဂျင်ဓာတ်ပါသော မြေသြဇာကိုထည့်ရာတွင် သဘာဝမြေသြဇာကို ၂ လက်မအထူရှိအောင် မြေပေါ်တွင် ဖြန့်ချပေးရသည်။ တစ်ဧကလျှင် သဘာဝမြေသြဇာ ၄ပေပတ်လည်အကျယ်၊ ၁ပေအမြင့် (လှည်း၂၈ စီးခန့်) လိုအပ်သည်။ ထိုသဘာဝမြေသြဇာကို မြေဆီလွှာအပေါ်ပိုင်းရှိ ၆-၈ လက်မခန့်ရှိသောမြေတွင် ပြန့်နှံ့အောင် မွှေပေးရသည်။ နှစ်ချင်းစား ဟင်းရွက်ပင်ကိုစိုက်ပျိုးပါက နှစ်စဉ်ထည့်ပေးရသည်။

နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်