သဘာဝပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်သော အပင် (၆) မျိုး

27/08/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်အစိတ်အပိုင်းများမှ ထုတ်လုပ်သော ပိုးသတ်ဆေးများသည် အင်းဆက်များအပေါ်ထိရောက်မှုတွင် ဓာတုပိုးသတ် ဆေးများနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းသဖြင့် အသုံးပြုသင့်သော ပိုးသတ်ဆေးအမျိုးအစားဖြစ်ပေသည်။

ပဒိုင်း

ပဒိုင်းပင်များသည် မိတ္ထီလာ၊ စစ်ကိုင်းနှင့် ရှမ်းပြည်နည်များတွင် အလေ့ကျအမြောက်အမြား ပေါက်ရောက်ပြီး အရွက်ကိုအခြောက်လှမ်း၍ အမှုန့်ပြုကာ အသုံးပြုနိုင်တဲ့အပြင် မီသနော (အရက်ပျံ) ပျော်ဝင်ရည်အဖြစ်လည်း ထုတ်လုပ်အသုံးပြုနိုင်သည်။ ယင်းဆေးဖြင့် ခူမွှေးရှည်၊ ရွက်စားပိုးများ၊ ငမြှောင်တောင်၊ ပိုးနဂါးနှင့် ပိုးကျိုးကောင်များ၏ အန္တရာယ်ကို ကာကွယ်နိုင်ပါသည်။ ပဒိုင်းရွက်များကို ကိုင်တွင်ပြီးလျှင်ပြီးချင်း လက်များကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန် သတိမမေ့သင့်ပါ။

ကြက်ဟင်းခါး

ကြက်ဟင်းခါးပင်ကို နိုင်ငံအနှံ့အပြားတွင် စားသုံးသီးပင်အဖြစ် စိုက်ပျိုးလေ့ရှိပြီး အရွက်နှင့် အသီးတို့ကိုသဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ အရွက်နှင့် အသီးတို့မှရရှိသော အရည်ဖြင့်လည်းကောင်း၊ မီသနော (အရက်ပျံ) ဖြင့် ရောနှော၍ ပိုးသတ်ဆေးစွမ်းအားထုတ်၍လည်းကောင်း၊ ခူမွှေးရှည်၊ ရွက်လိပ်ပိုးနှင့် ရွက်ဖြတ်ကျိုင်းကောင်များကို ကာကွယ်နိုင်ပါသည်။

ပဲစိမ်းစား

ပဲစိမ်းစားပင်ကို ပဲခူး၊ မိတ္ထီလာနှင့် မြန်မာနိုင်ငံအထက်ပိုင်းတို့တွင် စိုက်ပျိုးကြပြီး အစေ့ကိုသဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ပဲစိမ်းစားဆိုသည်မှာ အတောင့်နှင့် ဥစားမျိုးဖြစ်ပါသည်။ မျိုးယူပြီးကျန်သော ပဲစိမ်းစားများကို အခြောက်လှမ်းကာ အမှုန့်ပြု၍လည်းကောင်း၊ ရေဖြင့်စိမ်၍လည်းကောင်း၊ ကြမ်းပိုး၊ ဖြုတ်စိမ်း၊ ပင့်ကူနီ၊ ဟင်းသီးဟင်းရွက်စားပိုးများနှင့် ပဲမျိုးစုံရွက်စားပိုးများ နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်။

ကြခတ်ဝါး

နိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော ကြခတ်ဝါးအစိုများကို ရေနှင့် အတန်ငယ်ခန်းအောင်ကျိုပြီး ယင်းရေကို ပိုးလောက်လမ်းများရှိသော ရေမြောင်းရေအိုင်အတွင်းသို့ ပက်ဖျန်းခြင်းဖြင့် ငှက်ဖျားရောဂါ သယ်ဆောင်သော ပိုးလောက်လမ်းများကို နှိမ်နင်းနိုင်ပါသည်။

ပေါက်ပင်

ပေါက်ပင်သည် နိုင်ငံအနှံ့အပြား ပေါက်ရောက်ပြီး ပေါက်စေ့အစိုတစ်ကျပ်သားကို ရေ သို့မဟုတ် အရက်ပြန် နို့ဆီဘူး သုံးပုံတစ်ပုံခန့်နှင့် တစ်ညစိမ်ပြီး ယင်၊ ခြင်နှင့် ပိုးလောက်ကောင်များကို ကာကွယ်နိုင်ပါသည်။

နွယ်သာကီ

နွယ်သာကီပင်ကို အိမ်များတွင် အလှစိုက်လေ့ရှိရာ နွယ်သာကီအရွယ်ကို သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ နွယ်သာကီ အရွက်တစ်ဆကို ရေ နှစ်ဆပြုတ်၍ လည်းကောင်း၊ နွယ်သာကီ အရွက်ခြောက်ကိုအမှုန့်ပြု၍ အရက်ပြန်နှင့် စိမ်ကာ တမာရွက်မီသနော ပြုလုပ်နည်းအတိုင်းပြုလုပ်၍လည်းကောင်း၊ ရွက်စားပိုး၊ ကျိုင်းကောင်နှင့် ပိုးလောက်လမ်းများကို နှိမ်နင်းနိုင်ပါသည်။

"အသိသတိရှိရှိဖြင့် အသုံးပြုရမည့် ပိုးသတ်ဆေး " စာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

"အသိသတိရှိရှိဖြင့် အသုံးပြုရမည့် ပိုးသတ်ဆေး " စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်