ဆပ်ပြာကို စိုက်ပျိုးရေးမှာ သုံးသင့်၊ မသုံးသင့်
ဆပ်ပြာတွေ အများစုက ဆိုဒီယမ်(Na)ကို အခြေခံပြီး လုပ်ထားတယ်။ ဒီတော့ ဆိုဒီယမ်ပါတဲ့ ဆပ်ပြာကို စိုက်ပျိုးရေးမှာ သုံးသင့် မသုံးသင့် ဆိုတာကိုဖြေပေးချင်ပါတယ်။
ဆိုဒီယမ်က အပင်တွေ အတွက်လိုအပ်တဲ့ အာဟာရဓာတ်ထဲမှာ မပါဘူး။ ဒါပေမယ့် ဒြပ်စင်ဇယား(periodic table)မှာ ကြည့်လိုက်ရင် ပိုတက်စီယမ်(K)နဲ့ ဆိုဒီယမ် (Na) ကပ်နိုင်စွမ်းအားက အနည်းဆုံးပဲ။ ဒါကြောင့် မိုးရွာရင် ကျန်တဲ့ ဓာတ်တွေကိုမြေကြီးက ထိန်းထားနိုင်ပေမယ့် ဆိုဒီယမ်က မိုးရေနဲ့ ပါသွားပြီး ပင်လယ်ထဲရောက်သွားတယ်။ ဒါ့ကြောင့် ပုံမှန် မြေဆီလွှာတွေမှာ ဆိုဒီယမ်များခြင်း ဆပ်ပြာပေါက်ခြင်းတို့ကို မတွေ့ရပါဘူး။
မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း ဆပ်ပြာပေါက်မြေတွေ အများကြီး ရှိတယ်။ အဲဒီနေရာတွေ ကြည့်လိုက်ရင် မိုးနည်းတယ်။ မြေ မျက်နှာသွင်ပြင်က ဒယ်အိုးလို အလယ်မှာ ချိုင့်နေတယ်။ နေပူက ပြင်းတယ် ဆိုတော့ မိုးရွာတဲ့အခါ မိုးရေနဲ့အတူ ဆားတွေပျော်ဝင် ပါလာပြီး အဲဒီမြေနိမ့်ပိုင်းမှာ သွားစုနေတယ်။ နေက ပူတော့ရေငွေ့ပြန်ပြီးမြေအောက်က ဆားတွေက အပေါ်တက်လာပြီး မျက်နှာပြင်ပေါ် လာစုတဲ့အတွက် မြေကြီးက ဆားပေါက်တော့တာပဲ။ ပါလာတဲ့ဆားက ဆိုဒီယမ် ကာဘွန်နိတ် အဓိက ဖြစ်နေရင် မြေဆီလွှာက ဆပ်ပြာပေါက်တော့တာဘဲ။
ဒါဆိုရင် ဆိုဒီယမ်ကိုမြေကြီးမှာ များများ ထည့်လိုက်ရင် ဘာဖြစ်မလဲ။ ဆိုဒီယမ်က ပိုတက်ဆီယမ် ထက်စာရင် ဆပ်ပြာဓာတ်က အရမ်းမြင့်တယ်။ ဒါကြောင့် ဆိုဒီယမ်များ တဲ့မြေကြီးမှာမြေစေးမှုန်တွေက အချင်းချင်း ပူးကပ်ပြီး မြေစိုင်တုံး အခဲလေးတွေဖွဲ့စည်းလို့မရတော့ဘဲ အမှုန်လေးတွေအတိုင်း စီးရေနဲ့ ပါသွားပြီး မြေဆီလွှာရဲ့ နဂို လေပေါက်ရေပေါက်တွေမှာ ပိတ်ဆို့ကုန်ပြီး မြေဆီလွှာတွေက ချပ်ခဲကြီးဖြစ်သွားပြီး အပင် အမြစ်တွေလေရှူဖို့ လေဝင်ပေါက် မရှိတော့ဘူး။ မြေဆီလွှာရဲ့ အတုံးအခဲ တည်ဆောက်ပုံတွေ ပျက်ကုန်ပြီး ပုံမှန် အပင်ကြီးထွားဖွံ့ဖြိုးလို့မရတော့ဘူး။
ဒါပေမဲ့ ကောင်းတာက ဆပ်ပြာမှာ ရေရဲ့ပုံမှန် မျက်နှာပြင်တင်းအားကို ဖျက်နိုင်စွမ်းရှိတယ်။ သဘာဝရေမှာ ရှိတဲ့ မျက်နှာပြင် တင်းအားဆိုတာ အရွက်ပြောင်ပြောင်ချောချောပေါ် ကိုရေဖျန်းလိုက်ရင်ရေကပြန့်မသွားဘဲ အလုံးလိုက်လေးဖြစ်နေတတ်တဲ့ ဂုဏ်သတ္တိကို ဆိုလိုတယ်။ (ဥပမာ ပိန်းရွက်လိုမျိုးမှာ ထင်ရှားစွာတွေ့နိုင်ပါတယ်။) အဲဒါလိုဖြစ်ရခြင်းက ရေရဲ့ မျက်နှာပြင်တင်းအား ဂုဏ်သတ္တိကြောင့် ဖြစ်ပါတယ်။ ဆေးဖျန်းလိုက်ရင် အဲဒီမျက်နှာပြင် တင်းအားကို ဖျက်နိုင်မှ ဖျန်းလိုက်တဲ့ဆေးရည်က အရွက်ပေါ်မှာ အလုံးလေးတေ ွမဖြစ်စေဘဲ အရွက်မျက်နှာပြင် တစ်ခုလုံးကို ပြန့်ပြီး ကပ်နေမှာလေ။ ဒါ့ကြောင့် ရေကို အဓိက ထားပြီး မိမိဘာသာ ဖော်စပ်သော သဘာဝ ပိုးသတ်ဆေးတွေမှာ ဆပ်ပြာ အနည်းငယ်ရောပြီး အသုံးချရခြင်း ဖြစ်ပါတယ်။
နောက်တစ်ခုက ဆီနဲ့ရေကရောလို့လုံးဝ မရဘူး။ ကိုယ့်ဘာသာ ကိုယ်ဖော်စပ်တဲ့ ဆေးရေမှာ ဆီသဘောဆောင်တဲ့ အရည်နဲ့ရေနဲ့ ရောသွားစေချင် ရင်ရောနှောနိုင်စွမ်း အာနိသင်ရှိတဲ့ ပစ္စည်းလိုတယ်။ အဲဒီအာနိသင်က ဆပ်ပြာမှာ ရှိတယ်။ ဒါကြောင့်ဆေးပြန့်အားကောင်းအောင်တို့၊ မရောနိုင်တဲ့ အရာနှစ်ခု(ဥပမာရေနဲ့ရေနံဆီ) ကိုရောအောင် လုပ်ဖို့ဆိုရင် ဆပ်ပြာကို အနည်းငယ် ထည့်ဖော်စပ်ရခြင်း ဖြစ်ပါတယ်။ ရွှေဝါလိုမျိုးဈေး သက်သာတဲ့ ဆပ်ပြာလည်း ရတယ်။
နောက်တစ်ခုက ဆိုဒီယမ်မှာ ပိုးသတ်နိုင်တဲ့ အာနိသင် မရှိဘူး။ ပိုးသတ်နိုင်လောက်တဲ့ ပမာဏထိ မြှင့်ဖြန်းမယ် ဆိုရင်လည်း အပင်က ဆားလောင်သွားမှာပဲ။
ဒါကြောင့် ဆပ်ပြာကိုမြေသြဇာ(ရွက်ဖျန်း၊ မြေကြီးထဲ တိုက်ရိုက်ထည့်)လို သဘောထားပြီး ပမာဏ များများ အဖြစ်နဲ့သုံးမယ်ဆိုရင်တော့ လုံးဝ မသင့်တော်ဘူး။ ရေရှည်မှာမြေကြီး ပိုမို ဆိုးရွာလာဖို့ပဲ ရှိတယ်။ ဒါပေမယ့် ကိုယ်တိုင်ဖျော်စပ်တဲ့ သဘာဝ အားဆေးတွေ၊ ပိုးသတ်ဆေးတွေမှာ ကပ်အားကောင်းအောင်၊ ပြန့်အားကောင်းအောင် နည်းနည်းရော ထည့်ပေးမယ်ဆိုရင်တော့ သုံးလို့ ရတယ်။ ရွှေဝါကစပြီး အသုံးပြုလို့ ရတယ်။ တောင်သူတွေအနေနဲ့ မိမိ ကိုယ်တိုင်ချင့်ချိန်ပြီး ဆုံးဖြတ်နိုင်အောင်ဖြေကြားပေးလိုက်တာပါ။
ယခု ဆောင်းပါးတွင် ဖော်ပြထားသည့် အချက်အလက်များမှာ မြေဆီလွှာပညာရှင် ဒေါက်တာထက်ကြူနှင့် မေးမြန်းဆွေးနွေးချက်များကို အခြေခံပြီး ရေးသားထားပါသည်။
ကိုယ်ရေးအကျဉ်း
ဦးထက်ကြူသည် ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘွဲ့ရရှိခဲ့ပြီး ယခင် လယ်ယာ စိုက်ပျိုးရေးကော်ပိုရေးရှင်း နောင် မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း ယခု စိုက်ပျိုးရေး ဦးစီးဌာနတွင်(၂၃) နှစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံမှ မြေဆီလွှာ မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ တက္ကသိုလ်မှ စိုက်ပျိုးရေး ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ GRET, UNDP, ADB စသည့် ဌာန အဖွဲ့အစည်းများတွင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် လာအိုနိုင်ငံများတွင် စိုက်ပျိုးရေး ပညာရှင်၊ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယခုအချိန်တွင် GRET ၏ အရှေ့တောင် အာရှဒေသ ဂေဟ စိုက်ပျိုးရေး စနစ် ပူးပေါင်းလေ့လာရေး စီမံကိန်းတွင် မြန်မာနိုင်ငံ အတွက် ညှိနှိုင်းရေးမှူး အဖြစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမာလာနှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတွင် စိုက်ပျိုးရေးအကြံပေး တစ်ဦးလည်းဖြစ်ပါသည်။
အစိမ်းရောင်လမ်း
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဆက်စပ်မေးခွန်းများ
ဂျစ်ပဆမ်ကျောက်မှုန့် က ဘာကိုပြုလုပ်ထားတာလဲ ဘယ်လိုအကျိုးအာနိသင် ရှိချင်ပါတယ်ခင်ဗျ
U Soe • ဖြေကြားချက် 1 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 3 ခု
ပြောင်း ၁၅ရက်သားရှိပြီ ခုထိအပင်က သိပ်မထသေးဘူး အဲ့တာဘာဖစ်လို့လဲဗျာ
Si Thu • ဖြေကြားချက် 1 ခု
ဆရာရေအီးအမ်နဲ့ထရိုက်ကိုဒါးမားကိုပဲမကြဲခင်ရိုးဖြတ်ကိုဖြန်းခြင်းအားဖြင့်ရွေးချယ်မဲ့မြဖန်းပဲရလားခဗျ။ဖြန်းပြိးဘယ်နရက်လောက်စောင့်ရမလဲခဗျပဲကြဲဖို့။တဧကနုန်းထားလေးပါရှင်းပြပေးပါ။စာရှည်လို့တောင်းပန်ပါတယ်ခဗျကူညီဖြေကြးပေးပါ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
16/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (12-16.9.2026)
16/10/2026
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026