ခဲဆိပ်သင့်မြေများ ကာကွယ်ထိန်းသိမ်းစောင့်ရှောင့်ခြင်းနှင့် “ဗက်တီဗာ” မြက်အစွမ်း

16/01/2018 13:55 PM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား

အချို့သော မြေဆီလွှာများထဲတွင် (Heavy metal) ခေါ်သော အန္တရာယ်ပြုဓါတ်စင်များဖြစ် သည့် (ခဲ၊ ကယ်စီယမ် များပြားစွာပါဝင်သော ဇင့် ) တို့ သည် သီးနှံပင်အတွင်း အဆိပ်ဖြစ်စေ သောကြောင့် စိုက်ပျိုးရေးအတွက် ကာကွယ်ကုသနည်းအဖြစ် ဗက်တီဗာမြက်ကို (Vetiver grass) စိုက်ပျိုးမှုကို မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

“ဗက်တီဗာမြက်အစွမ်း”

စိုက်ပျိုးမြေများတွင် ရေတိုက်စားမှု (၄) မျိုး တွေ့ရပါသည်။ အပေါ်ယံမြေလွှာတိုက်စားခြင်း၊ မြောင်းငယ်အသွင် တိုက်စားခြင်း၊ သေးငယ်သောချောက်အသွင် တိုက်စားခြင်း၊ မြောင်းကြီးအ သွင်တိုက်စားခြင်း ဟူ၍ (၄) မျိုးတွေ့ရှိရသည်။ ထိုကဲ့သို့ ရေတိုက်စားမှုများကြောင့် အပေါ်ယံ မြေအချို့ လွန်စွာတိုက်စားသွားပါက ချောက်အထိဖြစ်သွားကာ သီးနှံပင်စိုက်ပျိုးထုတ်လုပ်၍ မရ သည်အထိ ပျက်ဆီးဆုံးရှုံးသွားစေပါသည်။ ဗက်တီဗာမြက်ဆိုသည်မှာ အိန္ဒိယနိုင်ငံအတွင်း မြေ တိုက်စားမှုများမှ ထိန်းသိမ်းကာကွယ်ရာတွင် ရာစုနှစ်ပေါင်းများစွာဖြင့် အောင်မြင်စွာ အသုံးပြု ခဲ့သော အိန္ဒိယတောင်ပိုင်း မြက်မျိုးရင်းတစ်မျိုးဖြစ်သည်။ စိုက်ပျိုးသောအခါ မြေသားပေါ် မူတည်ပြီး အမြစ်များသည် (၂ - ၄) မီတာ (၆ပေခွဲ မှ ၁၃ ပေ) ခန့်အထိ အောက်သို့ ရှည်လျားဆန့်ထွက်နိုင်ပြီး အရွက်နုများကို တိရစ္ဆာန်စာအဖြစ် အသုံးပြု၍ အရွက်ရင့်များကိုမှာ အမြင့် ၅ ပေလောက်ထိရှည်လျားဖြောင့်တန်းစွာ ထွက်ရှိသောကြောင့် အိမ်အမိုး အဖြစ်အသုံးပြု နိုင်သော မြက်တစ်မျိုးဖြစ်သည်။

နှစ်ရှည်ပင်ဖြစ်ပြီး ကောင်းစွာဖွံ့ဖြိုးရန် အချိန် (၆) လခန့်လိုအပ်ပြီး နှုတ်ပယ်ဖျက်ဆီးခြင်း မခံရ ပါကနှစ် (၅၀) ထက်ပို၍ ရှင်သန်နိုင်ကြသည်။ ၎င်းမြက်သည် အစေ့မှအပင်မပေါက်နိုင်သော ကြောင့် အခြားမြက်များကဲ့သို့ မလိုလားအပ်သော ထိန်းမနိုင်သိမ်းမရမျိုးပြန့်ပွားမှုမျိုး မတွေ့ရှိ ရပါ။

ဗက်တီဗာမြက်ကို နိုင်ငံအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းအားဖြင့် သစ်တော သစ်ပင်များပြုန်းတီးမှု၊ သတ္တုတူးဖော်ထုတ်လုပ်မှု၊ မြေပြုပြင် ခုတ်ထွင်းရှင်းလင်းမှုတို့ကြောင့် အကာကွယ်မဲ့နေသော မြေပြင်များကို မိုးရေတိုက်စားပြုန်းတီးမှု (ချိန်ခါမဲ့မိုး ရွာသွန်းခြင်း) ခံရ ခြင်းမှ ကောင်းစွာအကာအကွယ်ပေးသည့်အပြင် စိုက်ပျိုးရာဒေသတစ်ဝိုက်တွင် ယုတ်လျော့သွား သော မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးမှု ကိုလည်းဖြစ်စေပါသည်။

အထူးသဖြင့် မြေတိုက်စားပြုန်းတီးခံရသော နေရာများတွင် ရေပြင်ညီအတန်းလိုက်၊ မြက်ရိုး တန်း ဖြစ်လာစေရန်နှင့် တစ်ပင်နှင့်တစ်ပင်ကြား ၆ လက်မခွာ စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွား ချိန်တွင် အချင်းချင်းပူးယှက်ကာ တစ်ဆက်တစ်စပ်တည်းဖြစ်လာသည့် အရွက်နှင့်အမြစ်များ ကြောင့် သဘာဝမြေထိန်းနံရံတစ်ခုကဲ့သို့ ဖြစ်လာပြီး မိုးရွာမှုကြောင့် တိုက်စားခံရသည့် သဲနုံးမြေ တို့ကို မိုးရေနှင့်အတူမျောပါမသွားစေရန် တားဆီးပေးပြီး မိုးရေစီးနှုန်းကို လျော့ကျစေသည့်အတွက် မြစ်ချောင်းရေစီးတို့ကြောင့် မြေတိုက်စားခံရမှုများကို အကာအကွယ်ပေးနိုင်ပါသည်။

ထို့အပြင် ဗက်တီဗာမြက်ရွက်နုများကို နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ဘဲ စသည့်မွေးမြူရေးတိရစ္ဆာန် အစားအစာအဖြစ် အသုံးပြုပြီး၊ အရွက်ရင့်လာပါက အမျှင်ကြမ်းပါ ထွက်သဖြင့် အိမ်အမိုးနှင့် လက်မှုပစ္စည်းများပြုလုပ်ရာတွင် အသုံးဝင်ခြင်း၊ အရွက်အောက်ခြေကို လောင်စာအဖြစ် အသုံး ပြုနိုင်ခြင်း၊ အမြစ်မှရသောအဆီသည် မျက်နှာပြင်အရေပြား နုပျိုစေခြင်း၊ အခြားအရေပြား ယောင်ရမ်းမှု သက်သာစေခြင်း၊ အနာသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဗက်တီဗာ မြက်အနံ့က စိတ်ကိုတည်ငြိမ်စေခြင်း၊ ခြနှင့် အခြားအင်းဆက်ပိုးများကို တားဆီးနိုင်ခြင်းနှင့် အဆီကို ရေမွှေးနှင့် အခြားထုတ်ကုန်များအတွက် ကုန်ကြမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးချ နိုင်သောကြောင့် ရေရှည်တွဲဖက် မြေနဲ့ မြက် ဟု ခေါ်ဝေါ်တင်စား (ဂုဏ်ယူစွာဖြင့်) တင်ပြလိုက် ပါသည်။

ဦးထင်အောင်ရှိန် (ဘိုးရာဇာ)  


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်