ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း

30/11/2025 09:00 AM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

အပင်များ၏ အသေးငယ်ဆုံး သို့သော် အဆိုးရွားဆုံးရန်သူများမှာ ဗိုင်းရပ်စ်ပိုးများ နှင့် ဗိုင်းရိုက်များ (ဗိုင်းရပ်စ်အောက်ငယ်သော ကူးစက်တတ်သည့်ပိုးများ) ဖြစ်သည်။ ဗိုင်းရပ်ပိုးကူးစက်ခံရပါက အပင်ကို ကယ်တယ်ရန် လက်တွေ့အားဖြင့် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် စိုက်ပျိုးရေးထုတ်လုပ်မှုအပေါ် သီးနှံရောဂါများ၏ သက်ရောက်မှုသည် အလွန်အရေးကြီးပါသည်။ အများအားဖြင့် ကျန်းမာသောအပင်များသည် နာမကျန်းသောအပင်များနှင့် ထိတွေ့မိခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွားတတ်သည်။ ဗိုင်းရပ်စ်ပိုးများသည် အပင်မျိုးပွားခြင်း၊ မျိုးစေ့များ၊ ဝတ်မှုံများနှင့် ပိုးမွှားများမှတစ်ဆင့်လည်း ပြန့်ပွားနိုင်သည်။ သို့ရာတွင် ဗိုင်းရပ်စ်ပိုးများသည် မြေဆီလွှာမှတစ်ဆင့် အများဆုံး ပြန့်ပွားလေ့ရှိသည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော သီးနှံရောဂါများ၏ လက္ခဏာများ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော သီးနှံရောဂါလက္ခဏာများကို ယေဘုယျအားဖြင့် အောက်ပါအမျိုး အစား လေးမျိုးခွဲခြားနိုင်သည်-

ပုံသဏ္ဍာန်ပျက်ယွင်းခြင်း - ဥပမာ- ကိုင်းဖျားများ ပုံမှန်မဟုတ်ဘဲ ကြီးထွားခြင်း၊ အရွက်နှင့် အပွင့်များ ပုံပျက်ခြင်း။

တစ်ရှူးသေခြင်းနှင့် အစင်းအကျားများ - အပင်ညှိုးနွမ်းခြင်း၊ ကွင်းပုံစံ အစင်းအကျားများနှင့် အစက်အပြောက်များ ပေါ်လာခြင်း။

ပုခြင်း၊ ကြီးထွားမှုနှေးခြင်း - အပင်အစိတ်အပိုင်း သို့မဟုတ် အပင်တစ်ခုလုံး ၏ ကြီးထွားမှု နှေးကွေးခြင်း။

အရောင်ပြောင်းခြင်း - အရွက်ဝါခြင်း၊ အရွက်ပြန်ကြောများ ချိနဲ့သွားခြင်း။

ဥသီးနှံများတွင် ဥပုပ်သော ရောဂါလက္ခဏာများသည် ဗိုင်းရပ်စ်ပိုးရှိနေခြင်းကို ဖော်ပြသည်။ သို့ရာတွင် အပင်အချို့သည် ရောဂါလက္ခဏာမပြဘဲ ရောဂါကို သယ်ဆောင်ထားသည့် လျှို့ဝှက်သယ်ဆောင်သူများ ဖြစ်နေတတ်သည်။ ထို့ကြောင့် ဤရောဂါအမျိုးအစားကို တိုက်ဖျက်ရာတွင် အလွန်တရာ သတိထား ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော သီးနှံရောဂါများ ထိန်းချုပ်ခြင်း

ရှေ့ကဖော်ပြခဲ့သော အပင်ရောဂါများနှင့် မတူဘဲ ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သော သီးနှံရောဂါ အများစုကို ကုသရန် အလွန်ခဲယဉ်းပြီး မကြာခဏဆိုသလို မဖြစ်နိုင်ပါ။ ထို့ကြောင့် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ထိန်းချုပ်ပေးရန်မှာ အရေးကြီးပါသည်။ 

၎င်းနည်းလမ်းများထဲမှ တစ်ခုမှာ ရောဂါခံနိုင်ရည်ရှိသော သီးနှံမျိုးများ စိုက်ပျိုးခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စမ်းသပ်လိုသော အပင်၏တစ်ရှူးများကို အခြားအပင် (indicator plant) ပေါ်တွင် ကိုင်းကူး၍ အပင်လက္ခဏာကို ကြည့်ခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုး ရှိ-မရှိ သိရှိနိုင်သည်။ ဗိုင်းရပ်စ်ပိုးရှိပါက ထိုအပင်ပေါ်တွင် ရောဂါလက္ခဏာများ ပေါ်လာစေပါသည်။ စိုက်ပျိုးဧရိယာ ကျယ်ပြန့်စွာ ထိခိုက်ခံရပါက ကျန်ရှိသော သီးနှံထုတ်လုပ်မှုများကို မထိခိုက်စေရန် သီးနှံကြိုတင် ကာကွယ်ရေးဇုံများ သတ်မှတ်ပြီး လုပ်ဆောင်ရန် လိုအပ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်