တစ်နိုင်ငံလုံး မိုးဆက်ရွာနေဦးမယ့် စက်တင်ဘာ

08/09/2023 11:00 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

 

ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းကတော့ ကုန်းတွင်းကိုဝင်ပြီးသွားပေမဲ့ နောက်ထပ်လေဖိအားနည်းရပ်ဝန်းတစ်ခုက နောက်လာမဲ့ ၅ ရက်အတွင်း(စက်တင်ဘာလ ၁၂ ရက်နေ့ညနေပိုင်း)မှာထပ်ဖြစ်လာဖို့ရှိနေပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၅၀% ရှိနေပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သွားတဲ့ လေဖိအားနည်းချိုင့်ဝှမ်းမျဉ်း(TROUGH LINE)ကတော့ ဆက်ရှိနေဦးမှာမို့ အနောက်တောင်မုတ်သုံလေဆက်အားကောင်းနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးကဆက်ရွာနေပါဦးမယ်။

နောက်လာမယ့် ၃ ရက်အတွင်း ( စက်တင်ဘာလ ၈ ရက် နံနက် ၆ နာရီခွဲမှ စက်တင်ဘာလ ၁၁ ရက် နံနက် ၆ နာရီခွဲအထိ) အတွင်း မိုးများ/မိုးနည်းနိုင်မယ့် ဒေသတွေက 

၈၀ မီလီမီတာမှ ၁၂၀ မီလီမီတာအထက် မြို့နယ်များ (မိုးများနိုင်သည့် ဒေသများ)

နေပြည်တော်၊ ဧလာ၊ ကေတုမတီ၊ တောင်ငူ၊ အုတ်တွင်း၊ ကျောက်တခါး၊ ပိန်းဇလုတ်၊ ကျောက်ကြီး၊ ပြွန်တဇာ၊ ညောင်လေးပင်၊ ကျိုက်ထို၊ ယင်းငြိမ်၊ ဇင်းကျိုက်၊ ကမမောင်း၊ ကျိုက်ဒုံ၊ ဘားအံ၊ တာပေါင် ကျောက်တောင်၊ ကြက်တူရွေး၊ ဒေါ်လန်း၊ အိန္ဒု၊ သာမည၊ ရွှေဂွန်း၊ လှိုင်းဘွဲ၊ မော်လမြိုင်၊ ကျိုက္ခမီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားငုတ်တို၊ ဝဲလောင်၊ ဇီးဖြူသောင်၊ အနင်း၊ လမိုင်း၊ ကန်ဘောက်၊ ကလိန်အောင်၊ လွန်းစီ(Lon Si)၊ ထီးဖလမော၊ ထားဝယ်၊ မြိတ်၊ မော်တင်စွန်း၊ ဟိုင်းကြီး။

၂၀ မီလီမီတာမှ ၃၀ မီလီမီတာအောက် မြို့နယ်များ (မိုးနည်းနိုင်သည့် ဒေသများ)

မြဝတီ၊ သင်္ဃန်းညီနောင်၊ ရွှေကုက္ကို၊ ငဖဲ၊ စေတုတ္တရာ၊ ချောက်၊ ညောင်ဦး၊ မြိုင်၊ မုံရွာ၊ ဂန့်ဂေါ၊ မင်းကင်း၊ ဟားခါး၊ ဟုမ္မလင်း၊ ကာမိုင်း၊ မိုးညှင်း၊ မြို့လှ၊ ဆွန်ပရာဘွန်၊ ချီဘွေ၊ ပန်းဝါ၊ ပန်ဆိုင်း၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ မိုင်းတုံ။

ကျန်တိုင်းနှင့်ပြည်နယ်မြို့နယ်များအားလုံး ၃၀ မီလီမီတာအထက် ၈၀ မီလီမီတာအောက် (မိုးအသင့်အတင့်) ရွာသွန်းနိုင်ပါတယ်။

Photo- ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်