နောက် ၃-၅ ရက်အတွင်း မိုးများနိုင်သည့်ဒေသများ ရေကြီး၊ ရေလျှံသတိ

11/09/2023 18:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၆၀% အထိရှိလာကြောင်း တွေ့ရပါတယ်။

တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်း ဗီယက်နမ်နိုင်ငံ၊ တုံကင်ပင်လယ်မှာလည်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းဖြစ်လာနိုင်ချေ ၈၀% ရှိကြောင်းတွေ့ရပါတယ်။

မြန်မာနိုင်ငံပေါ်မှာတော့ လေဖိအားနည်းချိုင့်ဝှမ်း(TROUGH)ဆက်လက်တည်ရှိနေပြီး TROUGH LINE က ချင်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းအထိ ဖြတ်သန်းသွားကြောင်းတွေ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် - 

ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာ နောက်လာမဲ့ ၃ ရက်အတွင်း မိုးရေချိန် မီးလီမီတာ ၁၀၀ မှ ၁၇၀ မီလီမီတာ(၄ လက်မ ခန့်မှ ၇ လက်မခန့်အထိ)မိုးရွာသွန်းမှု များနိုင်ကြောင်းတွေ့ရပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မန္တလေးတိုင်းအထက်ပိုင်းဒေသတွေမှာလည်း နေရာကွက်မိုးကြီးနိုင်ပြီး အချို့ဒေသတွေမှာ ၃ ရက်အတွင်း မိုးရေချိန် မီလီမီတာ ၁၀၀ ကျော် (၄ လက်မခန့်) အထိ ရွာသွန်းနိုင်ကာ မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်းတွေ့ရပါတယ်။

တစ်နိုင်ငံလုံးမှာတော့ နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း နေရာအနှံ့ မိုးဆက်လက်ရွာနေဦးမှာဖြစ်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ မိုးနည်းရေရှားဒေသတွေမှာပါ နေရာကွက်ပြီး မိုးကြီးနိုင်မဲ့အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပါမယ်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာတော့ ၅ ရက်အတွင်း မိုးရေချိန်ပေါင်း ၁၄၀ မီလီမီတာ(၅ လက်မ ခန့်)မှ ၂၅၀ မီလီမီတာအထက်(၁၀ လက်မခန့်)အထိ ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။

နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း တစ်နိုင်ငံလုံး မိုးအသင့်အတင့်မှ မိုးများနိုင်/မိုးအလွန်များနိုင်မယ့်အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တာကြောင့် ရေနှင့်သက်ဆိုင်သော သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တဲ့ဒေသတွေမှာ အထူးသတိထားကြဖို့လိုပါမယ်။

ပဲခူးရိုးမနဲ့ ရခိုင်ရိုးမတွေပေါ်မှာ မိုးများနိုင်တာကြောင့် အဲ့ဒီရိုးမတောင်ကြောတွေနဲ့ဆက်စပ်နေတဲ့ ဆည်တမံတွေမှာလဲ သတိထားကြဖို့ လိုကြောင်း သတိပေးလိုက်ရပါတယ်။

photo -ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်