ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း အမေရိကန်နှင့် EU Model များအကြားတွင် ကွဲလွဲမှုရှိနေသေး

03/04/2025 16:31 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်သော်လည်း အမေရိကန်နှင့် EU Model များအကြားတွင် ကွဲလွဲမှုရှိနေသေးကြောင်းတွေ့ရပါတယ်။

ECMWF, ICON နှင့် GFS model တို့၏ကြိုတင်ခန့်မှန်းချက်များအရ ဧပြီလ ၄ ရက်၊ ည နှင့် ၅ ရက် နံနက်ပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါမယ်။

ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် -

ECMWF နှင့် ICON model များက လေဖိအားနည်းရပ်ဝန်းသည် သိသိသာသာအားကောင်းလာခြင်းမရှိပဲ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ 

GFS model က အားပိုကောင်းလာပြီး မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်ကိုတွေ့ရပါတယ်။ 

GFS ခန့်မှန်းချက်အရ ဧပြီ ၅ ရက်မှ ဧပြီ ၉ ရက်အထိ ၅ ရက်တာ ကာလအတွင်း

  • နိုင်ငံနေရာအနှံ့တွင် မိုးရွာနိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးပိုနိုင်ကြောင်းတွေ့ရပြီး
  • ကျန် model များခန့်မှန်းချက်အရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် မိုးရွာနိုင်မည့်အခြေအနေ အနည်းငယ်သာဖြစ်ပေါ်နိုင်ကြောင်းတွေ့ရပါတယ်။

ဧပြီလ ၄ ရက် ည ပိုင်းနှင့် ၅ ရက် နံနက်ပိုင်းတွေမှာ ရရှိတဲ့ ကြိုတင်ခန့်မှန်းချက်များနှင့်အတူ ဆက်လက်တင်ပြပေးပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်