ဩဂုတ်လ ၁၈ ရက် နံနက် ၁၁ နာရီမှာ တွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်မှာ ဖြစ်ပေါ်နေဆဲ အားကောင်းသောကုန်းတွင်းလေဖိအားနည်းရပ်ဝန်းက အနည်းဆုံး နောက် ၄၈ နာရီအထိ ဆက်လက်တည်ရှိနေနိုင်ပြီး အနောက်ဘက်(အိန္ဒိယနိုင်ငံဘက်)သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
🔸 လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက်လာမဲ့ ၇၂ နာရီ(ဩဂုတ် ၁၈ ရက် နံနက် ၁၁ နာရီမှ ဩဂုတ် ၂၁ ရက် နံနက် ၁၁ နာရီ)အတွင်း -
တစ်နိုင်ငံလုံး နေရာအနှံ့အပြား မိုးရွာနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ၃ ရက်အတွင်း မိုးရေချိန်စုစုပေါင်း ၅၀ မီလီမီတာအထက်မှ ၁၁၅ မီလီမီတာအထက်အထိ မိုးရွာသွန်းနိုင်ပါတယ်။
တနင်္သာရီတိုင်းမှာတော့ မိုးအားလျော့နေနိုင်(၃ ရက်ပေါင်း မိုးရေချိန် ၄၀ မီလီမီတာအောက် သာရွာသွန်းနိုင်)ပါတယ်။

GFH မှာတွေ့ရတဲ့ မြစ်ရေအခြေအနေတွေက -
🔸 ရခိုင်ပြည်နယ်မှာ ကလတန်မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေတာက ဩဂုတ်လ ၂၂ ရက်နေ့မှာ သတိပေးရေအမှတ်(Warning Level)အောက်အထိ ပြန်လည်ကျဆင်းနိုင်ကြောင်း၊
🔸 စစ်တောင်းမြစ်ရေက ဩဂုတ်လ ၂၄ ရက်နေ့မှာ သာဂရနဲ့ တောင်ငူကြား စစ်တောင်းမြစ်ဘေးအနိမ့်ပိုင်းက မြို့/ရွာတွေမှာ သတိပေးရေအမှတ်(Warning Level)အထက်အထိ ပြန်လည်မြင့်တက်လာနိုင်ကြောင်း တွေ့ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more