ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်းတွေ့ရ

28/08/2024 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဩဂုတ် ၂၈ ရက် နံနက်ပိုင်းမှာ ရရှိတဲ့ အချက်အလက်များအရ -

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ပင်လယ်ပြင်မှာ ဒီနေ့ မနက်ပိုင်းက စ ပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေကြောင်း ECMWF, GFS, ICON နဲ့ METEOBLUE က NEMS model တွေမှာ တွေ့ရပါတယ်။

🔸 လက်ရှိအချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းရဲ့ လက်ဝဲရစ် လေစီးကြောင်းက အမြင့်ပေ ၃၀၀၀ မှ ၅၀၀၀ နဲ့ အထက်မှာ ထင်ထင်ရှားရှားတွေ့ရပြီး ရေပြင်ညီ(Sea Level)အထိ ထင်ရှားတဲ့ လက်ဝဲရစ်လေစီးကြောင်းကိုတော့ ဒီနေ့ ညနေ ၆ နာရီ နောက်ပိုင်းမှ စတွေ့ရပါမယ်။

🔸 အခုဖြစ်လာတဲ့ လေဖိအားနည်းရပ်ဝန်းက တဖြည်းဖြည်းအားကောင်းလာပြီး ဩဂုတ်လ ၃၀ ရက်နေ့မှာ မုန်တိုင်းငယ်အဆင့်မှ ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

🔸 ECMWF CHART မှာတော့ အာရေဗျပင်လယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ပင်လယ်ပြင်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% အထိ မြင့်တက်နေကြောင်း ပြနေပါတယ်။

တင်ပေးခဲ့ပြီးဖြစ်တဲ့ post များမှာ ကြိုတင်အသိပေးခဲ့ပြီးဖြစ်တဲ့အတိုင်း ဩဂုတ်လကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ မုန်တိုင်းက မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားရန်မရှိသော်လည်း မုန်တိုင်းညာဘက်ခြမ်းက မြန်မာနိုင်ငံနေရာ အနှံ့မှာ မိုးများနိုင်တာကြောင့် ရေနဲ့ ပတ်သက်တဲ့ သဘာဝဘေးများ တကျော့ပြန် ပြန်ဖြစ်လာနိုင်တာကိုတော့ သတိထားပြင်ဆင်ကြဖို့လိုမှာ ဖြစ်ပါကြောင်း။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်