နောက် ၂၄ - ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ကနေ ကျဆင်းနိုင်တဲ့ မြစ်များနှင့် ဆက်လက်တည်ရှိနိုင်တဲ့ မြစ်များ

30/07/2024 12:50 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ထိုင်းမိုးလေဝသဋ္ဌာနက ထုတ်ပြန်တဲ့ မိုးလေဝသ chart မှာ ဗီယက်နမ်နိုင်ငံအရှေ့ဘက်ပင်လယ်ပြင်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အိန္ဒိယအရှေ့မြောက်ဘက်ကုန်းတွင်းမှာ လေဖိအားနည်း cell တွေဖြစ်ပေါ်နေပြီး မုတ်သုံမြောင်တန်း(Monsoon Trough)က ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းတွေပေါ်မှာ ဆက်စပ်ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

ဒီအခြေအနေကြောင့် နောက်လာမဲ့ ၁၂ နာရီအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်)၊ ကချင်ပြည်နယ်၊ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေနဲ့ ရခိုင်ပြည်နယ်မှာ မိုးပိုလာနိုင်ပြီး၊ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေတာကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာလည်း မိုးဆက်လက်များနေနိုင်ပါမယ်။

🔸 လက်ရှိဖြစ်ပေါ်နေတဲ့ မြစ်ရေအခြေအနေများကိုကြည့်တဲ့အခါ ဧရာဝတီမြစ်ရေက ဇလွန်၊ ဟင်္သာတမြို့တွေမှာ နောက် ၂၄ နာရီ မှ ၃၆ နာရီအတွင်း ပြန်လည်ကျဆင်းနိုင်ကြောင်းတွေ့ရပြီး ငဝန်မြစ်၊ ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ရေတွေကတော့ စိုးရိမ်ရေမှတ်တွေအထက်မှာ ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

GFH(Global Flood Hub)မှာ-

🔸 ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြစ်ရေမြင့်တက်မှုများ သတိပေးအဆင့်မှ စိုးရိမ်ရေမှတ်ကျော်လွန်တဲ့ (danger level)အဆင့်ရောက်နေကြောင်းတွေ့ရပြီး၊

🔸 ဧရာဝတီမြစ်ရေက ပဲခူးတိုင်းအနောက်ခြမ်းအစ ပြည်မြို့အောက်ဘက်မြို့များမှာ သတိပေး(warning level)မှ စိုးရိမ်ရေမှတ်(danger level)အထိ ဆက်လက်ရှိနေကြောင်း၊

🔸 ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ဘက်မှာတော့ danger level မှ extreme level(အန္တရာယ်များတဲ့အဆင့်)တွေမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါတယ်။

GFH ကိုအသေးစိတ်ဆက်လက်လေ့လာတဲ့အခါ -

🔸 ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ စစ်တောင်း-ပဲခူးတူးမြောင်းရေပြင်များသည် ဩဂုတ်လ ၅ ရက်နေ့မှ ရေပြန်ကျဆင်းရန် မျှော်လင့်နိုင်ကြောင်း၊

🔸 လှိုင်မြစ်ရဲ့ ရေမျက်နှာပြင်သည် ဩဂုတ်လ ၄ ရက်အထိ ပြောင်းလဲမှုမရှိဘဲ အခုအခြေအနေအတိုင်းဆက်လက်ရှိနေနိုင်မှာဖြစ်ကြောင်း(ရေကြီး-ရေလွှမ်းသည့်နေရာဒေသများ ဩဂုတ် ၄ ရက်နေ့အထိ ရေပြန်ကျရန် မျှော်လင်နိုင်မည်မဟုတ်သေး) ဆိုတာတွေ တွေ့ရတဲ့အတွက် .. အများသိရှိနိုင်ပါရန် အသိပေးတင်ပြလိုက်ပါတယ်။

သဘာဝဘေးအပေါင်းမှ အလျင်အမြန် ကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်