ကရင်၊ မွန်၊ တနင်္သာရီနှင့် ရခိုင်တောင်တန်းတစ်လျှောက်မှာ တောင်ကျရေလျှံခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ်များဖြစ်လာနိုင်သဖြင့် အန္တရာယ်ရှိသော အနီရောင်အဆင့်သတ်မှတ်

01/07/2026 13:19 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ထိုင်းမိုးလေဝသဌာန (TMD) မှ ဇွန်လကုန်နှင့် ဇူလိုင်လ ၁ ရက်အတွက် ထုတ်ပြန်ထားသော မျက်နှာပြင်ပြောင်းလဲမှုမိုးလေဝသမြေပုံ ၊ ဂြိုဟ်တုနှင့် ရေဒါပေါင်းစပ်ဓာတ်ပုံနှင့် တရားဝင် မိုးလေဝသသတိပေးချက်စာတမ်းတို့ကို ပူးတွဲ၍ အဆင့်မြင့်မိုးလေဝသစနစ်များ ဆန်းစစ်ချက် (Advanced Synoptic Analysis) နှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မည့်အခြေအနေ ခန့်မှန်းချက် -

၁။ ဒေသတွင်း မိုးလေဝသစနစ်များ ဆန်းစစ်ချက် (Regional Synoptic Analysis)

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် (မုတ်သုံလေအားအခြေအနေ) - တောင်တရုတ်ပင်လယ်ရှိ မုန်တိုင်းငယ် "D" ၏ ဆွဲအား (Remote Forcing) ကြောင့် အိန္ဒိယသမုဒ္ဒရာမှ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းတိုက်ခတ်မည့် အနောက်တောင်မုတ်သုံလေသည် အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာပြီး အားကောင်းလွန်းသော အခြေအနေ (Rather Strong Southwest Monsoon) သို့ ရောက်ရှိနေသည်။ ဂြိုဟ်တုပုံတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့၌ လေပြင်းတိုက်ခတ်မှုလမ်းကြောင်း (Wind Barbs) များ အလွန်စိပ်နေပြီး၊ ကမ်းရိုးတန်းဆီသို့ အဝါရောင်နှင့် လိမ္မော်ရောင်သန်းနေသော တိမ်တိုက်စုကြီးများကို တဟုန်ထိုး ပင့်တင်ပေးနေသည်။ TMD ၏ သတိပေးချက်အရ ကပ္ပလီပင်လယ်ပြင် (Andaman Sea) အထက်ပိုင်းတွင် လှိုင်းအမြင့် ၂ မီတာ မှ ၃ မီတာ (မိုးသက်လေပြင်းကျစဉ် ၃ မီတာအထက်) အထိ လှိုင်းကြီးနိုင်ကြောင်း အတည်ပြုထားပါသည် ။ 

မုတ်သုံလေကြောင်းမျဉ်း (Monsoon Trough) - မုတ်သုံလေကြောင်းမျဉ်း(မုတ်သုံမြောင်တန်း) သည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကို ကန့်လန့်ဖြတ်လျက် တောင်တရုတ်ပင်လယ်ရှိ မုန်တိုင်းငယ် "D" ၏ ဗဟိုချက်ဆီသို့ ဆွဲဆန့်တန်းဆင်းချိတ်ဆက်ထားသဖြင့် ဒေသတွင်း လေထုမငြိမ်မသက်မှု (Instability) ကို အထူးမြင့်မားစေကြောင်း တွေ့ရပါသည်။

မြန်မာနိုင်ငံအတွက် မိုးလေဝသခန့်မှန်းချက် (လာမည့် ၂၄ မှ ၄၈ နာရီအတွင်း)  အားကောင်းလွန်းသော မုတ်သုံလေနှင့် မုတ်သုံလေကြောင်း၊ မုန်တိုင်းငယ်တို့၏ ဟန်ချက်ညီပေါင်းစပ်မှုကြောင့် မြန်မာနိုင်ငံတွင် လာမည့်ရက်များအတွင်း မိုးရွာသွန်းမှု အရှိန်အဟုန် အလွန်မြင့်မားလာမည် ဖြစ်ပါသည်။

၂။ မိုးကြီးခြင်းနှင့် အဆက်မပြတ်ရွာသွန်းနိုင်မှု (Heavy to Very Heavy Rain) 

 မြန်မာနိုင်ငံတောင်ပိုင်းနှင့် ကမ်းရိုးတန်းဇုန် (တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း)တို့တွင် အားကောင်းသော မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်မှတစ်ဆင့် ရေခိုးရေငွေ့တိမ်ထုကြီးများကို ကမ်းရိုးတန်းပေါ်သို့ တိုက်ရိုက်တွန်းတင်နေသည်။ ဂြိုဟ်တု/ရေဒါပုံတွင် လိမ္မော်ရောင်နှင့် နီညိုရောင် Convective cells များပါဝင်သော ကွင်းဆက်တိမ်တိုက်ကြီးများ (Squall Lines) သည် ကမ်းရိုးတန်းတစ်လျှောက် ကပ်လျက်တည်ရှိနေသည်။ ထို့ကြောင့် ဤဒေသများတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်း၊ နေရာကွက်၍ မိုးအလွန်ကြီးခြင်း များ ဆက်တိုက်ဖြစ်ပွားနိုင်ပါမည်။

 ရခိုင်ကမ်းရိုးတန်း (အထူးသဖြင့် ရခိုင်တောင်ပိုင်းနှင့် အလယ်ပိုင်း)တွင် မုတ်သုံလေအရှိန်နှင့် ပင်လယ်ပြင်မှ တက်လာသော တိမ်တိုက်ကြီးများကြောင့် မိုးကြီးခြင်းနှင့်အတူ မိုးသက်လေပြင်းများ ကျရောက်နိုင်ပါသည်။

 ကုန်းတွင်းပိုင်း မိုးထစ်ချုန်းရွာနိုင်မှု (Central & Upper Myanmar) - မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်း (စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ ကချင်) ဒေသများတွင် ကုန်းတွင်းပိုင်း လေဖိအားနည်းဆဲလ် (L - 1000 hPa ဝန်းကျင်) များ စုပြုံတည်ရှိနေဆဲဖြစ်သည်။ မုတ်သုံလေကြောင်း(မုတ်သုံမြောင်တန်း) ဖြတ်သန်းမှုနှင့် ပေါင်းစပ်ကာ မွန်းလွဲ/ညနေပိုင်းနှင့် ညပိုင်းများတွင် မိုးတိမ်တောင်များ အရှိန်အဟုန်ဖြင့်ဖြစ်ထွန်းလာပြီး ပြင်းထန်သော မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိပ်လာနိုင်ပါမည်။

၃။ အရေးပေါ်သတိပြုရန် သဘာဝဘေးအန္တရာယ် သတိပေးချက်

လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း (Flash Floods & Landslides) - TMD ၏ သတိပေးချက်တွင် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းကပ်လျက်ရှိသော မြန်မာနိုင်ငံတောင်ပိုင်း တောင်တန်းဒေသများ (ကရင်၊ မွန်၊ တနင်္သာရီ) နှင့် ရခိုင်တောင်တန်းတစ်လျှောက်တွင် မိုးစုစုပေါင်းရွာသွန်းမှု စုပုံလာနိုင်သဖြင့် တောင်ကျရေလျှံခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ် များအတွက် အထူးအန္တရာယ်ရှိသော အနီရောင်အဆင့်အဖြစ် သတ်မှတ်သတိပြုသင့်ပါသည် ။ 

ပင်လယ်ပြင် မိုးသက်လေပြင်းနှင့် လှိုင်းအလွန်ကြီးခြင်း: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အရှိန်ပြင်းထန်နေသဖြင့် မြန်မာ့ကမ်းလွန်နှင့် ကမ်းနီးပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၃ မီတာနှင့်အထက် အထိ ရှိလာနိုင်ကာ မိုးသက်လေပြင်းများ ကျရောက်နိုင်သဖြင့် ရေကြောင်းခရီးသွားလာမှုများနှင့် ငါးဖမ်းရေယာဉ်ငယ်များ ကမ်းနား၌သာ အခြေပြုကြရန်နှင့် ပင်လယ်ပြင်သို့ ထွက်ခွာခြင်းမပြုသင့်ကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်