ဇူလိုင်လ လကုန်ရက်၊ ဇူလိုင် ၃၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ECMWF, GFS, ICON, METEOBLUE-NEMS နဲ့ ECMWF ဉာဏ်ရည်တု AI ခန့်မှန်းချက်များမှာ တပြေးညီ တွေ့လာရပြန်ပါတယ်။
ECMWF chart မှာ ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက စ ပြီး ၆ နာရီမှ ၁၂ နာရီအတွင်း မိုးရေချိန် ၄၀ မှ ၅၀ မီလီမီတာအထိရွာသွန်းနိုင်ကြောင်း(မိုးများနိုင်ကြောင်း)ခန့်မှန်းချက်ထွက်ပေါ်လာတာလဲတွေ့ရပါတယ်။

လက်ရှိမြစ်ရေကြီးနေတဲ့ဒေသအားလုံးမှာ အထက်ရေကျလာတာထက် မိုးများတာကြောင့် အခြေအနေပိုဆိုးလာတာဖြစ်ကြောင်းလဲ ကြားသိရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ကုန်းတဝက်ရေတဝက်လေဖိအားနည်းရပ်ဝန်းက မိုးရွာသွန်းမှုကို ပိုမိုစေဦးမှာဖြစ်ပြီး ရေပြန်ကျနိုင်မဲ့ရက် ပိုမိုရှည်ကြာလာနိုင်တာကြောင့် ရေကြီးရေလွှမ်းနေပြီးဖြစ်သောဒေသများမှ ပြည်သူများ အထူးသတိထားနိုင်ကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။
🔸 နောက် ၄ ရက်အတွင်း မိုးရွာနိုင်/နေပူနိုင်တဲ့အခြေအနေကို အောက်ပါ link မှတဆင့် မိမိပြည်နယ်/တိုင်း/မြို့နယ်များအလိုက် ကိုယ်တိုင်ကြည့်ပေးကြပါရန် -
https://www.mmweather.org/divisional-cities-weather
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။