နောက် ၃ ရက်မှ ၅ ရက်အတွင်း တစ်နိုင်ငံလုံး မိုးများလာနိုင်

21/08/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ယနေ့ဩဂုတ်လ ၂၁ ရက် မနက်ပိုင်းမှာထွက်လာတဲ့ ထိုင်းမိုးလေဝသဌာန(TMD) မိုးလေဝသ chart မှာ - လေဖိအားနည်းချိုင့်ဝှမ်း(TROUGH LINE)က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နန်နိုင်ငံ တုံကင်ပင်လယ်ကွေ့အထိ ဖြတ်သန်းနေတာတွေ့ရပါတယ်။ 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေအပါအဝင် အရှေ့မြောက်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာလည်း မိုးထစ်ချုန်းရွာသွန်းနိုင်မယ့်အခြေအနေများ ဆက်လက်ဖြစ်ပေါ် နေနိုင်ပါတယ်။

မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေများ

နောက်လာမယ့် ၃ ရက်အတွင်း

  • ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၅၀ မီလီမီတာမှ ၇၀ မီလီမီတာအထိ ရွာသွန်းပြီး မိုးများနိုင်ပါတယ်။ 
  • ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ ၃ ရက်အတွင်း မိုးရေချိန် ၁၁၀ မီလီမီတာအထိ ရွာသွန်းပြီး မိုးအလွန်များနိုင်ကြောင်းတွေ့ရပါတယ်။
  • မိုးအနည်းဆုံးရွာနိုင်မယ့် မကွေးတိုင်း ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ သရက်မြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာတောင် ၃ ရက်အတွင်း မိုးရေချိန် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။

မိုးပိုလာနိုင်ဦးမယ့်အခြေအနေ

နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရွာသွန်းနိုင်မယ့် အခြေအနေပိုလာနိုင်ပါတယ်။

မြန်မာနိုင်ငံအတွင်း မြစ်ရေအခြေအနေများကို မိုးဇလမှ နေ့စဉ်တင်ပေးနေတာဖြစ်လို့ မိုးများလာနိုင်မယ့် နောက် ၃ ရက်မှ ၅ ရက်အတွင်း တက်နိုင်/ကျနိုင်တဲ့ မြစ်ရေအခြေအနေများကိုလည်း ဂရုစိုက်ကြည့်ရှုပေးကြစေချင်ပါတယ်။

ထူးခြားတဲ့မိုးလေဝသဖြစ်စဉ်များ ဖြစ်နိုင်ချေအနေနဲ့ကတော့ 

ဩဂုတ်လ လကုန်ပိုင်း၊ စက်တင်ဘာလဆန်းပိုင်းမှာ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းများဖြစ်လာနိုင်ပြီး မုန်တိုင်းဖြစ်လာနိုင်ကြောင်း မိုးလေဝသကြိုတင်ခန့်မှန်း model တွေမှာ တွေ့ရပါတယ်။ 

အယ်နီညိုအစပျိုးအခြေအနေကာလအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ ကမ္ဘာ့လေစီးကြောင်း ကြီးများအခြေအနေ

တစ်ချိန်ထဲမှာပဲ အီကွေတာအထက် ပေ ၃၀၀၀ မှ ၇၀၀၀ အတွင်းစီးနေတဲ့ ကုန်သည်လေစီးကြောင်း(Trade Winds)က အယ်နီညိုအစပျိုးဖြစ်စဉ်ကြောင့် အားနည်းနေပြီး အထက်အမြင့်လေထုအလွှာ (ပေ ၄၀၀၀၀ အထက်)က Jet Streams တွေကလည်း လေဖိအားနည်း/မုန်တိုင်းများဖြစ်လာတဲ့အခါ အနောက်-အနောက်တောင်ဘက်ကို ဆက်တွန်းနေတာကြောင့် မုန်တိုင်းတွေဖြစ်လာရင် မြန်မာပြည်ဘက်ရွေ့လျားနိုင်ချေတော့ မရှိပါ။

ရက်ဝေးကြိုတင်ခန့်မှန်းချက်

ကြိုတင်ခန့်မှန်းချက်များအတိုင်းဖြစ်လာမယ်ဆိုရင်တော့ ဩဂုတ်လကုန်-စက်တင်ဘာလဆန်းပိုင်းမှာ အရှေ့ဘက်ပင်လယ်တွေမှာကော ဘင်္ဂလားပင်လယ်အော်မှာကော လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်လာနိုင်တာကြောင့် နိုင်ငံအနှံ့မိုးရွာသွန်းနိုင်ချေက ဆက်ပြီးများနေနိုင်ပါဦးမယ်။ အတိုချုပ်ပြောရမယ်ဆိုရင် မိုးလယ်ကာလမှာ ဆက်ပြီးမိုးကောင်းနေပါဦးမယ်။

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်