ဩဂုတ် ၁၆- ၁၇ ရက်များတွင် တောင်ကျချောင်းရေကြောင့် သတိပြုရမည့်ဒေသများ

13/08/2025 09:33 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဩဂုတ် ၁၃ ရက် နံနက် ၁ နာရီ ၂၀ မိနစ်အချိန်ရရှိသည့် ECMWF နှင့် ICON MODEL FORECAST ဒေတာများအရ ဩဂုတ်လ ၁၃ ရက် မနက်ပိုင်းမှ စတင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အမြင့်ပေ ၅၀၀၀ မှာ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)ဖြစ်ပေါ်လာကာ နေ့လယ်ပိုင်းမှာ အားပိုကောင်းလာပြီးနောက် လေဖိအားနည်းရပ်ဝန်း(Low Pressure Area – LPA)ဖြစ်လာနိုင်ပါတယ်။

🔸 တစ်ချိန်ထဲမှာ ပစိဖိတ်အနောက်မြောက်ပိုင်း အရှေ့ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း PODUL က ထိုင်ဝမ်ကျွန်းကိုဖြတ်ကျော်တိုက်ခတ်ပြီး ထိုင်ဝမ်ရေလက်ကြားမှတဆင့် တရုတ်ပြည်မအရှေ့တောင်ဘက်ကမ်းခြေကို ဆက်လက်ဖြတ်ကျော်ဝင်ရောက်ဖို့ တာဆူနေချိန် ဖြစ်ပါတယ်။

🔸 အရှေ့ဘက် တောင်တရုတ်ပင်လယ်အစပ်ကတိုင်ဖွန်းမုန်တိုင်းနဲ့ အနောက်ဘက် ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း၂ ခုမှာ - တိုင်ဖွန်းမုန်တိုင်း PODUL ရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်အနည်းငယ်မျှသာရှိနိုင်ပြီး လေဖိအားနည်းရပ်ဝန်း/လေပွေလှိုင်း၏ အရှိန်သက်ရောက်မှုက အနောက်တောင်မုတ်သုံလေကို အားပိုကောင်းလာစေမှာဖြစ်ပါတယ်။

ဤအခြေအနေများကြောင့် ဩဂုတ် ၁၆/၁၇ ရက်များတွင် -

🔸 ပဲခူးတိုင်းအရှေ့ခြမ်းနှင့်ကရင်ပြည်နယ် နယ်စပ်တောင်ကြောပေါ်

🔸 စစ်တောင်းမြစ်ဝှမ်းအောက်ပိုင်းနှင့် 

🔸 မွန်ပြည်နယ်၊ ကရင်ပြည်နယ် တနင်္သာရီတိုင်းတို့တွင် 

မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး(၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ)၊ 

နေရာကွက်၍ မိုးများနိုင်(၂၄ နာရီအတွင်း ၃ လက်မခန့် )ရွာသွန်းရရှိနိုင်ပါမယ်။

⚠️ ဤဒေသများအတွင်း မိုးသည်းထန်ပြီး တောင်ကျချောင်းရေကျဆင်းခြင်းကြောင့် ရုတ်တရက်ရေကြီးနိုင်ခြင်း(Flash Flood)ကို သတိထားကြရမှာဖြစ်ပါတယ်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်