မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ဘက်တွင် မိုးများနိုင်

19/08/2025 14:09 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဩဂုတ်လ ၁၉ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်တွင်ရရှိသည့် ဒေတာများအရ

 

ဩဂုတ်လ ၁၉ ရက် မှ နောက်လာမည့် ၁ ပတ်အတွင်း တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး အားပိုကောင်းလာကာ အနည်းဆုံး အပူပိုင်းမုန်တိုင်းအဆင့်(Tropical Storm - TS)အထိရောက်လာနိုင်ပါတယ်။ 

🔸တောင်တရုတ်ပင်လယ်က မုန်တိုင်းဖြစ်လာတိုင်း ဘင်္ဂလားပင်လယ်အော်ဘက်မှာ A-B-C ဆက်စပ်မှုအရ လေဖိအားနည်းရပ်ဝန်းတခုက ဖြစ်လာနိုင်ပါတယ်။ 

🔸မုန်တိုင်းဖြစ်လာနိုင်တဲ့ ကြိုတင်ခန့်မှန်းချက်များကို ECMWF နဲ့ ICON MODEL တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။

🔸အောက်တိုဘာလ ၁၀ ရက် မိုးနှောင်းကာလကုန်ဆုံးသည်အထိ မုတ်သုံဆုတ်ခွာမှုမပြီးမချင်း မိုးက ဆက်နေမှာပါ။ မိုးနည်းတာနဲ့ မိုးများတာသာ ကွာခြားမှုရှိပါမယ်။

🔸ရရှိပြီးကြိုတင်ခန့်မှန်းချက်တွေအရတော့ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ဘက်မှာ မိုးများနိုင်ပြီး၊ အလယ်ပိုင်း မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသတွေမှာလဲ မိုအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက် မှ ၁.၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။

⚠️ ကြိုတင်ခန့်မှန်းချက်များဖြစ်တာကြောင့် ပြောင်းလဲဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများကို နေ့စဉ် တင်ပေးနေပါ့မယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်