ဖေဖော်ဝါရီလကုန် ၂၈ ရက်နေ့အထိ မြို့ကြီးအချို့ - ပြည်၊ တောင်ငူ၊ တောင်ကြီး၊ ရန်ကုန်နဲ့ နေပြည်တော်တို့ရဲ့ အပူချိန်၊ မိုးရွာနိုင်မည့်အလားအလာ၊ တိမ်ဖြစ်ထွန်းနိုင်မည့်အခြေအနေနှင့် အမြင့်ဆုံးလေတိုက်နှုန်းတွေကို လေ့လာတဲ့အခါ -
📌 မိုးရွာနိုင်သည့်အခြေအနေ အမြင့်ဆုံးမိုးရေချိန် ၂ မီလီမီတာခန့်
📌 အမြင့်ဆုံးအပူချိန် ၄၀°C
📌 အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၇ မိုင်(တောင်ကြီး)
📌 ဖေဖော်ဝါရီ ၁၉-၂၀ ရက်နောက်ပိုင်းမှာ တိမ်ဖြစ်ထွန်းမှုပိုမိုလာနိုင်တာတွေကို တွေ့ရပါတယ်။
💧 မိုးအခြေအနေ - ဆောင်းရာသီကုန်ပြီး နွေရာသီကိုကူးပြောင်းဦးမှာမို့ မိုးများများရွာနိုင်မည့်အခြေအနေရှိဦးမှာမဟုတ်ဘဲ မိုးဖွဲကျရုံသာရွာနေနိုင်ဦးမှာပါ။
🌡 အပူချိန် - နေ့အပူချိန်များမြင့်တက်လာသော်လည်း လာနီညာ၏ အရှိန်ပျော့ပျော့ကျန်နေသေးတာကြောင့် ညဘက်နဲ့ နံနက်အစောပိုင်းအချိန်များမှာ အအေးလက်ကျန်လေးတွေလဲ ရှိနေပါဦးမယ်။
🤒 ရာသီကူးပြောင်းချိန်တိုင်းမှာ ပူအိုက်တဲ့ ညဦးပိုင်းအချိန်တွေရှိပြီး နံနက်ပိုင်းရောက်လေ ပြန်အေးလာလေဖြစ်တတ်တာကြောင့် ရာသီဥတုဖမ်းစားတာခံရပြီး အအေးမိ/ဖျားနာတတ်တာကို သတိထားကြရပါမယ်။

အအေးလှိုင်းဖြတ်မယ်ဆိုပြီးတင်နေတာတွေရှိလို့ မေးတဲ့သူတွေ ရှိပါတယ်။ ကျနော် ဒီလို ပြန်ဖြေပေးထားပါတယ်။
အအေးလှိုင်းဖြတ်ရန် မရှိပါဘူး -
📌 Normal coldwave ပုံမှန်အအေးလှိုင်းဖြတ်တယ်လို့ သတ်မှတ်အတည်ပြုနိုင်ရန် ပုံမှန်အပူချိန်ထက် 4–6°C လျော့ကျတာ အနည်းဆုံး ၂ ရက် ရှိရန်လိုပါမယ်။
📌 ပြင်းထန်တဲ့အအေးလှိုင်း Severe Cold wave ဖြတ်တယ်လို့ သတ်မှတ်အတည်ပြုနိုင်ရန် ၃ ရက် မှ ၅ ရက်ဆက်တိုက် အပူချိန် 4–6°C ကျလာရန် လိုပါမယ်။
သိချင်တဲ့ဒေသရဲ့ အပူချိန်ခန့်မှန်းချက်တွေကိုဒီမှာ ကြည့်ပါ - https://focus.mmweather.org
Weather Widget တွေကြည့်ချင်ရင် ဒီမှာကြည့်ပါ - https://www.mmweather.org/divisional-cities-weather
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
ဗွေဆော်ဦး
ကြော်ငြာ
ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Facebook စာမျက်နှာသို့သွားရန်