အားပျော့သော လာနီညာအခြေအနေဆက်လက်ဖြစ်ပေါ်နေခြင်း၊ အရှေ့မြောက်မုတ်သုံလေအားကောင်းလျက်ရှိခြင်းနှင့် "အိန္ဒိယနီညို" ဟုခေါ်သော Indian Ocean Dipole Positive to Neutral ကူပြောင်းလျှက်ရှိသည့်အခြေအနေစသည်တို့ကြောင့် ..
ဖေဖော်ဝါရီလ ၂၁ ရက်နောက်ပိုင်းမှ စတင်၍- မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် တိမ်ဖုံးအုပ်မှုပိုမိုလာပြီး အပူချိန်ငွေ့ရည်ဖွဲ့အမှတ် နီးစပ်သည့်အခါ မိုးအနည်းငယ် ရွာနိုင်ပါမယ်။

ရွာနိုင်တဲ့ ရာခိုင်နှုန်းနဲ့ မိုးရေချိန်ကတော့ ၁၀ မီလီမီတာ မှ ၁၅ မီလီမီတာခန့်သာ အများဆုံးဖြစ်နိုင်ပါဦးမယ်။
အာပျော့သည့်လာနီညာအခြေအနေဖြစ်ပေါ်နေခြင်းသည် မတ်လမှ မေလအတွင်း ကြားနေရာသီဥတု(Neutral)သို့ ကူးပြောင်းနိုင်မည့်အခြေအနေ ၆၆% ရှိကြောင်းကိုလည်း NOAA-Climate Prediction Center -CPC မှ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကြိုတင်ခန့်မှန်းချက်အသစ်ထုတ်ပြန်ထားတာကြောင့် ရာသီဥတုပြောင်းလဲခြင်းအခြေအနေသည် ပုံမှန်သာရှိနေပါဦးမယ်။
၂၃-၂၅ ရက်အတွင်း မိုးအနည်းငယ်ပိုနိုင်တာတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဘက်မှာပါ။ ၂၄ နာရီအတွင်း ၁၅ မီလီမီတာ(၀.၆ လက်မ ခန့်)ရှိပါမယ်။ ကျန်ပြည်နယ်တိုင်းတွေမှာ အဲ့သလောက်အထိ မများနိုင်တာတွေ့ရပါတယ်။
တနင်္သာရီတိုင်းမှာတော့ မိုးရွာရက် ပိုများပြီး ၂၄ နာရီ မိုးရေချိန်တော့ ၁၅ မီလီမီတာမကျော်နိုင်ပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more