ဖေဖော်ဝါရီ ၂၃ ရက် မှ မတ်လ ၁ ရက်အထိ ၇ ရက်စာ မိုးလေဝသခန့်မှန်းချက်

23/02/2026 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မြောက်အနောက်မြောက်သို့ရွေ့လျားရာမှ ၄၈ နာရီအတွင်း အရှေ့မြောက်ဘက်သို့ချိုးကွေ့ရွေ့လျားလာနိုင်သည်။

ဖေဖော်ဝါရီလ ၂၂ ရက် ည ၆ နာရီ ၃၀ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

🔸 ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်း INVEST-91B သည် လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်း Well-Marked LPA ဖြစ်လာပါတယ်။ WM-LPA သည် မြောက်အနောက်မြောက်ဘက်သို့ရွေ့လျားနေပြီး နောက် ၄၈ နာရီအတွင်း အရှေ့မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားနိုင်ပါတယ်။

🔸 အားကောင်းသောလေဖိအားနည်းရပ်ဝန်း Well-marked LPA သည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေမရှိတော့ဘဲ အရှေ့မြောက်ဘက်သို့ဆက်လက်၍ ရွေ့လျားလာသော်လည်း အိန္ဒိယနိုင်ငံမြောက်ပိုင်းမှအနောက်မြောက်လေစီးကြောင်းအားကောင်းနေခြင်း၊ ထိုင်းပင်လယ်ကွေ့ကိုဖြတ်သန်းတိုက်ခတ်လာသော အေးမြခြောက်သွေ့သည့် အရှေ့မြောက်-ဆောင်းမုတ်သုံလေအားကောင်းနေခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင်မိုးရွာသွန်းမှုများနိုင်မည်မဟုတ်ပါ။

🔸 ECMWF အပူပိုင်းမုန်တိုင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်မည့်အခြေအနေပြ chart including genesis မှာ အရှေ့မြောက်အရပ်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၆ ရက်နေ့အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၆၀% မှ ၅၀% နှင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ၃၀% သို့ အဆင့်ဆင့်လျော့ကျသွားမည်ဖြစ်ကြောင်း တွေ့ရပါတယ်။ 

🔸 ဖေဖော်ဝါရီ ၂၃ ရက် မှ မတ်လ ၁ ရက်အထိ ၇ ရက်အတွင်း 

"လေဖိအားနည်းရပ်ဝန်းရှိရာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း"တွင် မိုးရေချိန် ၁၂၀ မီလီမီတာ = ၅ လက်မ နီးပါးခန့် (မိုးများနိုင်/မိုးအလွန်များ)နိုင်ပြီး 

မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကချင်ပြည်နယ်တို့တွင် ၇ ရက်တာ မိုးရေချိန် ၄၀ မီလီမီတာ = ၂ လက်မ ခန့်၊ ၁ ရက်တာ ၂၄ နာရီ မိုးရေချိန်မှာ ၁၀ မီလီမီတာ = ၀.၄ လက်မခန့် စသဖြင့် မိုးအနည်းငယ်သာ ရွာနိုင်ပါမယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်