ဇန်နဝါရီ ၄ ရက် ည ၉ နာရီ update အရ
🔸 အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း GRANT၊ လေဖိအားနည်းရပ်ဝန်း-Depression 11U တို့၏အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အထက် ၅.၈ ကီလိုမီတာအမြင့် (ပေ ၁၉,၀၀၀) မှာ အထက်လေပွေလှိုင်းတခုဖြစ်ပေါ်လျက်ရှိပါတယ်။ အဆိုပါလေပွေလှိုင်းသည် ဇန်နဝါရီ ၁၀ ရက်အထိဆက်လက်တည်ရှိနိုင်ပြီး အားပိုကောင်းလာနိုင်သည့်အခြေအနေမရှိပါ။
🔸 ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေပွေလှိုင်း(INVEST-90B) သည် အနောက်ဘက်-သီရိလင်္ကာကျွန်းနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းတို့သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သီရိလင်္ကာကျွန်း အရှေ့ပိုင်းတို့တွင် မိုးရေချိန်များနိုင်/မိုးသည်းထန်နိုင်ပြီး မြန်မာနိုင်ငံတွင် တိမ်အနည်းငယ်ဖြစ်ထွန်းကာ မြောက်ပိုင်းဒေသအချို့တွင် မိုးအနည်းငယ်မျှသာ ရွာသွန်းနိုင်ပါတယ်။
🔸 ဇန်နဝါရီ ၅ ရက် မှ ၁၁ ရက်အတွင်း - အချို့သော ပြည်နယ်နှင့်တိုင်းဒေသများတွင် အမြင့်ပေ ၂၀,၀၀၀ နှင့်အထက်၌ တိမ်အမြင့်များဖြစ်ထွန်းပြီး မိုးအုံ့နေနိုင်သော်လည်း - မြောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်အရပ်များမှ လေအေးများဆက်လက်တိုးဝင်နေဦးမှာဖြစ်သည့်အတွက် နံနက်အစောပိုင်းအချိန်များမှာ ဆက်၍ အေးနေနိုင်ပါဦးမယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။