လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့် ဒေသများ

22/07/2024 10:00 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီ အချိန်ရရှိသည့်ဒေတာများအရ

 

🔸 တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းတိုင်ဖွန်းမုန်တိုင်း PRAPIROON(04W) နဲ့ ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းတိုင်ဖွန်းမုန်တိုင်း GAEMI)05W) တို့သည်တရုတ်ပြည်မကြီးဘက်ကိုပဲ ဦးတည်ရွေ့လျားနေပါတယ်။

🔸 တောင်တရုတ်ပင်လယ်က တိုင်ဖွန်း PRAPIROON(04W)က မနက်ဖန် ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်း/ညပိုင်းမှာ "တရုတ်ပြည်မ-ဟိုင်နန်ကျွန်း"ကိုဝင်ရောက်တိုက်ခတ်နိုင်ပြီး၊ ဖိလစ်ပိုင်ပင်လယ်က တိုင်ဖွန်း GAEMI(05W) က ဇူလိုင် ၂၅ ရက်နေ့မှာ "ထိုင်ဝမ်(တိုင်ပေ)ကျွန်း" အ‌ရှေ့ဘက်မှကပ်၍ဖြတ်ကျော်ကာ - ဇူလိုင် ၂၆ ရက်မှာ "တရုတ်ပြည်မ အရှေ့တောင်ဘက်ကမ်းခြေ"ကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 ဒီမုန်တိုင်းတွေရဲ့အရှိန်သက်ရောက်မှုကို မြန်မာပြည်က တိုက်ရိုက်ခံစားရမှာမဟုတ်သော်လည်း အားပိုကောင်းလာမဲ့ အနောက်တောင်မုတ်သုံလေနဲ့ အရှေ့လေပွေလှိုင်းတွေဝင်ရောက်လာနိုင်မှာကြောင့် နောက်လာမဲ့ ၇၂ နာရီအတွင်း -

"အလယ်ပိုင်းဒေသအချို့၊ တနင်္သာရီတိုင်းတောင်ပိုင်းစွန်ဒေသအချို့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့မှအပ" ကျန်ပြည်နယ်တိုင်းဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။

🔸 မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းစတဲ့ ပြည်န်တိုင်းဒေသတွေမှာ လာမည့် ၃ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၀၀မီလီမီတာအထက် မိုးရွာနိုင်ပြီး မိုးများနိုင်ပါတယ်။

🔸 အလယ်ပိုင်းမိုးနည်းရေရှားဒေသ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းဒေသတွေမှာတော့ နေရာကွက်မိုးကြီးနိုင်ပြီး အများအားဖြင့် မိုးအသင့်အတင့်သာရွာနိုင်/မိုးနည်းနေနိုင်ပါတယ်။

🔸 ဇူလိုင် ၂၂-၂၃ ရက်ပြီးမှ ရေထရက်ကျော်ပြီး မြစ်ရေများပင်လယ်ကို ကောင်းကောင်းစီးဆင်းနိုင်မှာမို့ ရေထရက်မကျော်ခင် မိုးလည်းများနေမယ်ဆိုရင် မြစ်ရေအကျနှေးကွေးနေဦးမှာဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်