ဇူလိုင် ၂၄ ရက် (ယနေ့နံနက်) မှ စတင်၍ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် မိုင် ၁၄၀ ခန့်တွင်လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လျက်ရှိသည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသချို့တွင် နေရာကွက်၍ မိုးများနိုင်ပါသည်။
⛈ နေရာကွက်၍ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၁.၂ လက် မ အထက် ၄ လက်မအောက် ရွာသွန်းရရှိနိုင်သည့်)ပြည်နယ်/တိုင်းဒေသများ -
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း-အရှေ့၊ နေပြည်တော်၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်
⛈ မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ ဝန်းကျင်ရွာနိုင်သည့်)ဒေသများ -
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း-အနောက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်-မြောက်ပိုင်း တို့ဖြစ်သည်။
