ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ

30/07/2026 14:19 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဇူလိုင် ၃၀ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်ရရှိသည့် updateများအရ WINDY APP, ECMWF model ၏ မြေပုံအချက်အလက်များနှင့် ခန့်မှန်းချက်လမ်းကြောင်း (Forecast Track) အပေါ် မူတည်၍ တိုင်ဖွန်းမုန်တိုင်း DOLPHIN (Typhoon Dolphin) ၏ ရွေ့လျားနိုင်သည့် အခြေအနေနှင့် သက်ရောက်နိုင်ခြေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

 

မုန်တိုင်း၏ လက်ရှိအခြေအနေ 

မုန်တိုင်းအမျိုးအစား: Typhoon (SSHWS Category 5 အဆင့်အထိ တိုးတက်ခဲ့ပြီး လက်ရှိတွင် ပြင်းအားမြင့် မုန်တိုင်းအဖြစ် တည်ရှိနေပါသည်)

လက်ရှိ လေတိုက်နှုန်း: တစ်နာရီလျှင် ၁၆၀ မိုင် (160 mph) ခန့်

တည်နေရာ: ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက် မိုင် ၂၇၀၀ ခန့်ဝေးကွာသော ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ ပင်လယ်ပြင်အတွင်း

ရှေ့ဆက်လက် ရွေ့လျားနိုင်မည့် လမ်းကြောင်း (Forecast Track)

မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဦးတည်၍ အရှေ့တောင်အာရှ ဒေသဘက်သို့ အရှိန်ဟုန်ဖြင့် ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။

ပစိဖိတ်ပင်လယ်ပြင်ကို ဖြတ်သန်းခြင်း (နီးကပ်သည့်ရက်များ) - မနက်ဖြန်မှစ၍ လာမည့် ၃ ရက်မှ ၅ ရက်အတွင်း အထိ SSHWS Category 2 - 3 အဆင့်ရှိ ပြင်းအားမြင့်တိုင်ဖွန်းမုန်တိုင်းအဖြစ် ပစိဖိတ်အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်။

ဖိလစ်ပိုင်နှင့် တရုတ်တောင်ပိုင်း / ဗီယက်နမ်ဘက်သို့ ဦးတည်ခြင်း - ဩဂုတ်လ ၈ ရက် (စနေ) နှင့် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့)အတွင်း: ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်ပင်လယ်ပြင် သို့မဟုတ် လူဇုန်ကျွန်း (Luzon) မြောက်ဘက် ရေပြင်ကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ် (South China Sea) အတွင်းသို့ ဝင်ရောက်မည်။ ထိုအချိန်တွင် မုန်တိုင်း၏ အရှိန်မှာ Category 1 မှ 2 သို့ အားလျော့သွားနိုင်ပါသည်။

အင်ဒိုချိုင်းနား ကျွန်းဆွယ်ပေါ်သို့ ဖြတ်သန်းခြင်း - á€Šá€‚á€Żá€á€şá€œ ၁၁ ရက် (အင်္ဂါနေ့) နှင့် ဩဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) အတွင်း  á€—ဎယက်နမ်နိုင်ငလ တောင်ပိုင်း/အလယ်ပိုင်းနှင့် လာအို၊ ထိုင်းနိုင်ငံတို့ပေါ်သို့ မုန်တိုင်းအားပျော့ကာ အပူပိုင်းမုန်တိုင်းအဆင့် (Tropical Storm / Low Pressure Area) အဖြစ် ဖြတ်သန်းရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ရက်ဝေးခန့်မှန်းချက်ဖြစ်၍ ရာနှုန်းပြည့်မသေချာနိုင်ပါ။

အရှေ့တောင်အာရှနိုင်ငံများအပေါ် သက်ရောက်နိုင်သည့် ဖြစ်နိုင်ခြေ

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ မုန်တိုင်းလမ်းကြောင်း တိုက်ရိုက်ကျရောက်နိုင်သည့် ဖိလစ်ပိုင်မြောက်ပိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနှင့် ရေကြီးရေလျှံမှုများ အပြင်းအထန် ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ (ရက်ဝေးခန့်မှန်းချက်)အနေဖြင့် တိုက်ရိုက်သက်ရောက်မှု မရှိနိုင်ပါ။

မုန်တိုင်း၏ ပင်မဗဟိုချက်သည် မြန်မာနိုင်ငံအတွင်းသို့ တိုင်ဖွန်းမုန်တိုင်းအဖြစ် တိုက်ရိုက်ဝင်ရောက်နိုင်ခြေ မရှိပါ။

သွယ်ဝိုက်သက်ရောက်မှုအနေဖြင့် (Indirect Effect) - မုန်တိုင်းသည် ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းပြီးနောက် အားပျော့သွားမည့် ဩဂုတ်လ ၁၂ ရက် ဝန်းကျင်တွင် မြန်မာနိုင်ငံ တောင်ပိုင်း/အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ လေဖိအားနည်းဆဲလ် (Low Pressure Area) သို့မဟုတ် မုန်တိုင်းကြွင်းကျန် တိမ်တိုက်များ စီးဝင်လာနိုင်ပါသည်။

ထို့ကြောင့် ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မြန်မာနိုင်ငံရှိ အောက်ပါဒေသများတွင် မိုးရွာသွန်းမှု ပိုမိုအားကောင်းလာနိုင်ပါသည်။

  • တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်
  • ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)
  • ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး
  • ကုန်းတွင်းပိုင်း မိုးများခြင်းကြောင့် အချို့ဒေသများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Floods) နှင့် တောင်ပြိုခြင်း များ သတိပြုရန် လိုအပ်ပါမည်။

အကြံပြုချက်: ရက်ဝေးခန့်မှန်းချက်ဖြစ်သည့်အတွက် မုန်တိုင်းလမ်းကြောင်းနှင့်အရှိန်အဟုန် ပြောင်းလဲနိုင်ခြေများစွာရှိနေပါသည်။ စောင့်ကြည့်လေ့လာပြီး ဆက်လက်၍ တင်ပြပေးသွားပါမည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်