တစ်နိုင်ငံလုံး လာမယ့် ၇၂ နာရီအတွင်း မိုရွာသွန်းနိုင်သည်..

30/06/2025 19:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင်တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ဇူလိုင် ၁ ရက်နေ့တွင် အားပျော့ပြီးနောက် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများသို့ ဆက်လက်ရွေ့လျားသွားနိုင်ကာ ကုန်းတွင်းလေဖိအားနည်းအဖြစ် အားပြန်ကောင်းလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဇွန်လ ၃၀ ရက် ၊ နေ့လည် ၁၂ နာရီ ခွဲချိန်မှာတော့ လက်ရှိဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေများကြောင့်  - 

🔸 ဇွန်လ ၃၀ ရက် ည ၆ နာရီခွဲမှ

ဇူလိုင် ၃ ရက် ည ၆ နာရီခွဲအထိ ၇၂ နာရီအတွင်း မိုရွာသွန်းနိုင်သည့် အခြေအနေများမှာ -

🔸 မိုးများ(၇၂ နာရီ မိုးရေချိန် ၁.၅ လက်မနှင့် အထက်) ရွာနိုင်သော ဒေသများ

ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း

🔸 မိုးနည်း (၇၂ နာရီ မိုးရေချိန် ၁ လက်မခွဲအောက်ရွာနိုင်သော ဒေသများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်း

🔸 တစ်ပြည်လုံးမှာတော့ မိုးရွာနိုင်ပြီး နေရာကွက်၍မိုးသည်းထန်နိုင်/မိုးများနိုင်ပါမယ်။

ပြည်နယ်တိုင်းများအလိုက် ၄ ရက် ကြိုတင်ခန့်မှန်းချက်များကြည့်ရန် Weather Forecast Widget များ - https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်