ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးနိုင်ခြေများလာနေ

10/06/2025 11:03 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ပဲခူးမြစ်ရေအခြေအနေကို သတိထားစောင့်ကြည့်ပြီး အနိမ့်ပိုင်းရပ်ကွက်များရေကြီးနိုင်ချေမြင့်မားလာတာကြောင့် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးပါရစေ။

ဇွန်လ ၁၀ ရက်နေ့မှာ ရရှိတဲ့သတင်းအချက်အလက်များအရ ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်ရာက်ရန် ၆ ပေ ခန့်သာလိုပြီး ပြီးခဲ့တဲ့မြစ်ရေ အတက်နှုန်းက ၂၄ နာရီအတွင်း ၅ ပေကျော် ရှိကြောင်းတွေ့ရပါတယ်။

နောက် ၂၄ နာရီအတွင်း ပဲခူးမြစ်အထက်ပိုင်း(ဇောင်းတူ)နဲ့ ပဲခူးမြို့ပေါ်မှာမိုးသည်းထန်နိုင်တဲ့အတွက် နောက် ၄၈ နာရီအတွင်း ပဲခူးမြစ်ရဲ့ စိုးရိမ်ရေမှတ်(၂၈.၈၇ ပေ)ကို ရောက်ရှိနိုင်ပါတယ်။ နောက်ရက်တွေရဲ့ မိုးရွာသွန်းနိုင်ချေ ကြိုတင်ခန့်မှန်းချက်မှာလည်း ဇောင်းတူနဲ့ ပဲခူးမှာ မိုးဆက်ရွာနေနိုင်ပါဦးမယ်ဆိုတာ တွေ့ရပါတယ်။ 

လက်ရှိမြစ်ရေအမှတ် ၂၂.၅၇ ပေပါ။

** စင်တီမီတာတွေကို ပေ convert လုပ်ပေးထားပါတယ်။

သတင်းအချက်အလက် ကိုးကား - မိုး/ဇလ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်