မတ်လ ၁၆ ရက်နောက်ပိုင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာနိုင်

15/03/2026 16:34 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

“ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် ထူးခြားသည့်မိုးလေဝသအခြေအနေ (လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း) ဖြစ်ပေါ်ခြင်းမရှိပါ။ တောင်တရုတ်ပင်လယ်တွင် မတ်လ ၁၆ ရက်နောက်ပိုင်း အရှေ့မြောက်မုတ်သုံ(ဆောင်းမုတ်သုံ)အားလျော့သွားပါမယ်”

မတ်လ ၁၅ ရက် ညနေ ၃ နာရီ ၃၀ မိနစ် Update အရ

📌 တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားလျော့နည်းသွားပြီးနောက် မတ်လ ၁၆ ရက်နောက်ပိုင်းတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်လာပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသများတွင် မတ်လ ၂၀ ရက်နောက်ပိုင်း၌ နေ့အပူချိန်များ ၃၉°C နှင့် အထက်သို့ ရောက်လာနိုင်ပါတယ်။

📌 စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် မတ်လ ၂၂ ရက်အထိ မိုးအသင့်အတင့်မှမိုးများနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးရေချိန်အနည်းငယ်နှင့် မိုးများနိုင်ခြင်းမရှိပဲ ထစ်ချုန်းမည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးအနည်းငယ်ရွာသွန်းနိုင်မည့်အခြေအနေများ မတ်လ ၁၈ ရက်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။

📌 ပြည်နယ်တိုင်းဒေသများ၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ(Relative Humidity)များ ၂၀% မှ ၃၀% အထိ ရှိနိုင်ပြီး၊ တောင်ပေါ်ဒေသများနှင့် ပင်လယ်ကမ်းရိုးတန်းအနီးဒေသများတွင် ညနှင့် နံနက်အစောပိုင်းအချိန် လေထုစိုထိုင်းဆ ၇၀% မှ ၈၀% အတွင်းရှိနေနိုင်ပါမယ်။ နေ့အပူချိန်မြင့်တက်ပြီး လေထုခြောက်သွေ့သည့် လက္ခဏာစတင်လာပါမယ်။

📌 နေ့အပူချိန်များမြင့်တက်လာပြီးနောက် လေထုခြောက်သွေ့လာလျှင်

📍ကျန်းမာရေးဆိုင်ရာသတိထားရမည့်အချက်များ -

📍ရေဓါတ်လျော့နည်းခြင်း(Dehydration)

📍အပူလွန်ကဲခြင်း(Heat exhaustion/Heat Stroke)

📍အသက်ရှုလမ်းကြောင်းပြဿနာ(Respiratory Issues)

📍UV Radiation မြင့်တက်ခြင်းတိုကို သတိထားကြရပါမယ်။

🌱 စိုက်ပျိုးရေးလုပ်ငန်းများအတွက် သတိထားရန်အချက်များ -

      🥬 မြေဆီလွှာစိုထိုင်းဆလျော့ကျလာခြင်း (Soil moisture loss and Evapotranspiration)

      🥬 အပင်ရေငွေ့ပျံနှုန်းမြင့်မားလာခြင်း (Heat Stress)

      🥬 ပိုးမွှားကျရောက်မှုတိုးမြင့်လာနိုင်ခြင်း(Pest Outbreaks) တို့ကြောင့်စိုက်ပျိုးသီးနှံဆုံးရှုံးခြင်း၊ အထွက်နှုန်းလျော့နည်းခြင်းတို့မှကာကွယ်ရန် သက်ဆိုင်ရာစိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်သင့်သလို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာလည်း အခမဲ့ ဝင်ရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်။ 

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်