လာမည့် ၇ ရက်အတွင်း မိုးအုံ့၊ မိုးဖွဲကျနိုင်သော ဒေသများ

10/03/2026 18:02 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မတ်လ ၁၀ ရက် ညနေ ၃ နာရီ Update အရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းပင်လယ်ပြင်တွင် အထက်လေပွေလှိုင်း Upper Air Cyclonic Circulation – UACC ဖြစ်ပေါ်လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် မိုင် ၉၀၀ ခန့် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာတွင် လေဖိအားနည်းရပ်ဝန်း TD-03W ဖြစ်ပေါ်နေပါတယ်။ အရှေ့မြောက်မုတ်သုံလေ ဆက်လက်၍အားကောင်းနေပါတယ်။

 

🔸 အိန္ဒိယမိုးလေဝသဌာန IMD မှ မတ်လ ၂ ရက်နေ့ထုတ်ပြန်ချက်အရ -ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အထက်လေပွေလှိုင်း(UACC)သည် အားလျော့သွားပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းတွင် လေပွေလှိုင်းသစ် Fresh UACC တခုဖြစ်ပေါ်လာကြောင်း ထုတ်ပြန်ထားပါတယ်။ အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အားကောင်းလာနိုင်မည်မဟုတ်ပါ။

🔸 ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် မိုင် ၉၀၀ ခန့် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာတွင် လေဖိအားနည်းရပ်ဝန်း TD-03W ဖြစ်ပေါ်နေသည့်အရှိန်ကြောင့် တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားဆက်၍ကောင်းနေပါတယ်။ 

🔸 တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့တို့မှတဆင့် တနင်္သာရီတိုင်းတောင်ပိုင်းကိုဖြတ်သန်း၍ ကပ္ပလီပင်လယ်/ဘင်္ဂလားပင်လယ်အော်တို့မှတဆင့် မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကိုဖြတ်၍ ဝင်ရောက်လာသော လေစီးကြောင်းနှင့်အတူပါလာသည့် မိုးတိမ်များကြောင့် ယနေ့(မတ်လ ၁၀ ရက်မှ မတ်လ ၁၆ ရက်အထိ ၇ ရက်အတွင်း မိုးအုံ့နိုင်၊ မိုးဖွဲကျနိုင်ပါမယ်။ မိုးများနိုင်သည့်အခြေအနေမရှိပါ။

🔸 လက်ရှိဖြစ်ပေါ်နေသောမိုးလေဝသအခြေအနေများကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်/မြောက်/အရှေ့) ဒေသတွေမှာ မတ်လ ၁၃-၁၄-၁၅ ရက်များတွင် မိုးအသင့်အတင့်ထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။ 

ကျန်ပြည်နယ်တိုင်းများမှာ မိုးအနည်းငယ်ရွာနိုင်/မိုးဖွဲကျနိုင်ပါတယ်။ မိုးများနိုင်မည့်အခြေအနေမရှိပါ။ မိုးဖွဲကျချိန်ကြာနိုင်သည့်အတွက် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ သီးနှံများအား ဖုံး/ကာပေးရန်ကြိုတင်စီစဉ်ထားရပါမယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်