မေ ၂၄ နောက်ပိုင်း မိုးရွာပြီး အပူချိန်များကျမည်..

16/05/2024 16:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အပူချိန်တွေက မေ ၂၄ ရက်နဲ့ နောက်ပိုင်းမှာ ကျပါ့မလားဆိုတော့ကျမှာပါ။ ကံကောင်းတာ မုန်တိုင်းတိုက်ရိုက်ဝင်တာမခံရတော့ပဲ မိုးဦးကျမိုး၊ မုတ်သုံမိုးမှန်သွားစေနိုင်တဲ့ အခြေအနေဖြစ်လာနိုင်မယ်ဆိုတာ သေချာသလောက်ဖြစ်သွားလို့ပါ။

အထက်အညာဒေသတွေရော မိုးရွာပြီး အပူချိန်တွေ ကျမှာလား?

မိုးက မေလ ၂၄ ရက်နဲ့နောက်ပိုင်းတနိုင်ငံလုံးမှာရွာမှာပါပဲ။ မကွေး၊ ရေနံချောင်းနဲ့ ချောက်မြို့တွေမှာတောင် မိုးများနိုင်ပါတယ်။ ရန်ကုန်ပဲခူးအပါအဝင် တောင်ပိုင်းဒေသတွေမှာတော့ အများလွန်နေမှာစိုးရိမ်ရပါတယ်။

မိုးဦးလေဦး၊ မုတ်သုံဦးမှာ - ရွာမဲ့မိုး၊ တိုက်မဲ့လေ၊ ပစ်မဲ့မိုးကြိုး၊ ကြီးမဲ့ရေ၊ ဟောင်းလောင်းပေါက်ဖြစ်နေနိုင်တဲ့ ရေမြောင်းပေါက် .. အဲ့ဒါတွေသာ သတိထားကြပါဗျာ။

မုန်တိုင်းအခြေအနေနဲ့ ပတ်သက်ပြီးလည်း အိန္ဒိယမိုးလေဝသဌာန IMD မှ အစပျိုးလေပွေလှိုင်းအခြေအနေထုတ်ပြန်ချက်အရ

🔸 ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်ကမ်းရိုးတန်းနှင့် သီရိလင်္ကာနိုင်ငံတောင်ပိုင်း၊ အမြင့် ၄.၅ ကီလိုမီတာ(ပေ ၁၄,၈၀၀ ခန့်)တွင် လေဖိအားနည်းရပ်ဝန်းအစပျိုးသည့် လေပွေလှိုင်းတခု CC ဖြစ်ပေါ်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ချက်သည် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ထုတ်ပြန်ချက်အရ နောက်လာမည့် ၁၆၈ နာရီ၊ ၇ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြစ်နိုင်ချေ မရှိသေးကြောင်းလည်းတွေ့ရပါသည်။

သင်္ချာပုံစံပြု model များ၏ခန့်မှန်းချက်

🔸 ECMWF AIFS model နှင့် GFS model ပေါင်းချုပ်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မေလ ၂၂ ရက်နေ့မှ စတင်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ မေလ ၂၄ ရက်နှင့် မေလ ၂၅ ရက်တို့တွင် အားအကောင်းဆုံးအခြေအနေ(ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်/မဖြစ်နိုင်စိစစ်ဆဲ)သို့ရောက်ရှိပြီး အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ

🔸 ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်ပေါ်မည့်အချိန်(မေလ ၂၂ ရက် မှ မေလ ၂၅-၂၆ ရက်ကာလအတွင်း) မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ပြီး မေလ လကုန်ပိုင်းနှင့် ဇွန်လ လဆန်းပိုင်းတွင် တနိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီး နေရာအနှံ့အပြား မုတ်သုံမိုးများ စတင်ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များ၌ တွေ့ရပါသည်။

လတ်တလောရင်ဆိုင်နေရသည့် အပူချိန်မြင့်တက်မှုအခြေအနေအနေနဲ့

🔸 လက်ရှိမိုးလေဝသအခြေအနေများအရ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်း 

ချောက်မြို့က အဆင့် ၂၊ မကွေးမြို့က အဆင့် ၉ အဖြစ် ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ပိုမိုအားကောင်းလာပြီးနောက် အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်ကာ မုတ်သုံမိုးများ စတင်ရွာသွန်းချိန်(ခန့်မှန်း မေလ ၂၂-၂၃-၂၄ )ရက်တို့တွင် အပူချိန်များစတင်လျော့ကျနိုင်ကြောင်း ခန့်မှန်းရပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်