မေလ ၂၃-၂၄-၂၅ -၂၆ ရက်နေ့များတွင် မုန်တိုင်းအရှိန်သက်ရောက်မှုဖြစ်နိုင်ချေများ

19/05/2024 13:28 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာကျွန်းနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းအစွန်မှာဖြစ်နေတဲ့ မြေပြင်အထက်အမြင့် ၄.၂ ကီလိမီတာမှ အစပျိုးလေဖိအားနည်ရပ်ဝန်း(CYCLONIC CIRCULATION)ဟာ အရှေ့ဘက်ကိုဖြည်းညှင်းစွာရွေ့လျားလျက်ရှိပြီး မေလ ၂၀ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းပင်လယ်ပြင်ကို ရောက်ရှိလာနိုင်ပါမယ်။

🔸 ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအထိ အရှေ့-အရှေ့မြောက်ဘက်သို့ မေလ ၂၄ ရက် ညပိုင်းအထိ ဆက်လက်ရွေ့လျားပြီး၊ မေလ ၂၄ ရက် နံနက်ပိုင်းမှာ မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ အဲ့ဒီအချိန်မှာ မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

🔸 မေလ ၂၅ ရက်နေ့ နံနက်အစောပိုင်း(မြန်မာစံတော်ချိန် ၄ နာရီခန့်)မှာ အနောက်မြောက်ဘက်ကို ချိုးကွေ့ပြီး မေလ ၂၆ ရက် နံနက်အစောပိုင်းမှာ ဩရိဿပြည်နယ်နဲ့ အန်ဒရာပရာဒက်ပြည်နယ်နယ်စပ်အနီး အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေကို ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာရင်တော့ အိုမန်နိုင်ငံကပေးထားတဲ့ အလှည့်ကျနာမည် REMAL(အသံထွက် - Re-Mal ရီ-မယ်)ဆိုတဲ့ အမည်ရလာပါလိမ့်မယ်။

🔸 မုန်တိုင်း ဘင်္ဂလားပင်လယ်အတွင်း အရှေ့မြောက်ဘက်သို့ရွေ့လျားစဉ်၊ မြောက်-အနောက်မြောက်ဘက်သို့ချိုးကွေ့ပြီး အိန္ဒိယနိုင်ငံကမ်းခြေသို့ဦးတည်ကာ ကုန်းတွင်းဝင်ရောက်စဉ်အချိန်တွေမှာ မြန်မာနိုင်ငံဘက်ကို မုန်တိုင်းအရှိန်သက်ရောက်မှုများကြောင့် ကမ်းရိုးတန်းဒေသများနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများဖြစ်ပေါ်နိုင်မဲ့အပြင် တစ်နိုင်ငံလုံးနေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။

🔸 မုန်တိုင်းငယ် > မုန်တိုင်း > ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ချိန်အထိ စောင့်ကြည့်ပြီး မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့်ဖြစ်ပေါ်နိုင်မဲ့ မိုးလေဝသအခြေအနေများကို အဲ့ဒီအချိန်မှာ ဆက်လက်တင်ပြပေးသွားပါမယ်။

မေလ ၂၃-၂၄-၂၅ -၂၆ ရက်နေ့များတွင် မုန်တိုင်းအရှိန်သက်ရောက်မှုဖြစ်နိုင်ချေများအနဖြင့်

မေလ ၂၄ ရက် နံနက်အစောပိုင်းမှ စတင်၍ -

  • မုန်တိုင်းအရွယ်အစား အချင်း ၄၁၈ မိုင်အထိရှိလာနိုင်သည်
  • ၃ နာရီအတွင်း ရွာသွန်းသောမိုးရေချိန် ၁၁ မီလီမီတာအထိ ရှိလာနိုင်သည်
  • မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းဒေသများတွင် လေတိုက်နှုန်း 25mph အထိ ရှိလာနိုင်သည်
  • ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင် လေတိုက်နှုန်း 30mph အထိ ရှိလာနိုင်သည်
  • ကမ်းနီးပင်လယ်ပြင်များတွင် လှိုင်းအမြင့် ၈ ပေခန့်အထိ ရှိလာနိုင်သည်
  • ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ စသည့် ပြည်နယ်တိုင်းများတွင် မေ ၂၄ ရက်နေ့ မိုးများ-မိုးအလွန်များ အချိန်ကြာကြာမိုးသည်းထန်နိုင်ပါမည်။
  • ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဒေသအချို့လည်းပါဝင်နိုင်ပါသည်။

(လေဖိအားနည်းရပ်ဝန်းအဆင့်ရောက်လာချိန်တွင် ထပ်မံတင်ပြပေးပါမည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်