ယနေ့ ညနေပိုင်းမှစ၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများ လေ/မိုးပြင်းထန်ခြင်းများ စတင်လာနိုင်

23/05/2024 15:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

လက်ရှိအချိန် မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ ဦးတည်ရွေ့လျားလာရင်း တဖြည်းဖြည်းအားကောင်းလာတဲ့ လေဖိအားနည်းရပ်ဝန်း(INVEST-99B)က ပတ်ဝင်းကျင်ပင်လယ်ကရော ကုန်းပေါ်ကပါ ရှိသမျှတိမ်ထုတွေကို လေဖိအားနည်းဗဟိုချက်ဆီကို ဆွဲသွင်းပြီး အားယူနေတဲ့အချိန်လဲဖြစ်ပါတယ်။ 

🔸 ကုန်းပေါ်က မိုးတိမ်တွေထက် တောင်ဘက်က အနောက်တောင်မုတ်သုံအားနဲ့ တွန်းထုတ်လိုက်တဲ့ တိမ်ထုတွေကုန်းတွင်းဝင်လာတဲ့အခါ လေပြင်းကျပြီး မိုးသည်းထန်ခြင်းများ စတင်နိုင်ပါမယ်။ 

🔸 ခန့်မှန်း ၂၃ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်တဲ့ - ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ လေ/မိုးပြင်းထန်ခြင်းများ စတင်လာနိုင်ပါမယ်။ 

🔸 မေလ ၂၇ ရက် မုန်တိုင်းကုန်းတွင်းဝင်ပြီးချိန်အထိ မေလ ၂၃-၂၄-၂၅-၂၆-၂၇ ၅ ရက်မှာ တနိုင်ငံလုံးနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး လေပြင်းများကျနိုင်ပါမယ်။ လေပြင်ကျချိန် မြေပြင်မှာ တနာရီ မိုင် ၃၀ အထက်၊ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာတော့ တနာရီ မိုင် ၄၀ အထက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေ မှ ၁၁ ပေအထိရှိနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းတင်ပြလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်