မိုးအကုန် ဆောင်းအကူးကာလဖြစ်သည့် နိုဝင်ဘာ ၁၁ - ၁၇ ရက်အတွင်းဖြစ်ပေါ်နိုင်သည့် မိုးလေဝသခန့်မှန်းချက်

11/11/2025 09:26 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

နိုဝင်ဘာ ၁၀ ရက် - ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

ဖိလစ်ပိုင်နိုင်ငံကို CATEGORY-4 အဆင့် တိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်း FUNG WONG သည် CATEGORY-1 တိုင်ဖွန်းမုန်တိုင်းအဖြစ်အဆင့် လျော့ကျသွားပြီး မြောက်ဘက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ထိုင်ဝမ်ကျွန်းသို့ ဦးတည်နိုင်ကြောင်း တွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင် ထူးခြားသည့်မိုးလေဝသအခြေအနေဖြစ်ပေါ်ရန်မရှိတော့ပါ။ တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်း ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှားကျွန်းဆွယ်ကြားပင်လယ်ပြင်၌ နိုဝင်ဘာ ၁၇ ရက်တွင် လေပွေလှိုင်းမှလေဖိအားနည်းရပ်ဝန်းဖြစ်လာရန်ရှိပါမယ်။ မုန်တိုင်းအဆင့်အထိ ရောက်မလာနိုင်ဘဲ နိုဝင်ဘာ ၁၉-၂၀ ရက်နေ့မှာ ပျက်ပြယ်သွားနိုင်ပါတယ်။

ဤအခြေအနေများကြောင့် မြန်မာနိုင်ငံဘက်သို့သက်ရောက်မှု လုံးဝမရှိနိုင်သဖြင့် နိုဝင်ဘာလ ၁၆ ရက်နောက်ပိုင်းမှစတင်ပြီး မိုးရွာသွန်းမှုရပ်တန့်ကာ ကျန်ရှိသည့် မိုးလွန်ကာလအတွင်း ဖျက်မိုး/အခါလွန်မိုးရွာသွန်းနိုင်မည့်အခြေအနေများလည်း မရှိနိုင်တော့ပါ။ 

(မုတ်သုံဆုတ်ခွာရက် - အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိကို “မိုးလွန်ကာလ”ဟု သတ်မှတ်ထားပါသည်)

မိုးအကုန်-ဆောင်းအကူးကာလဖြစ်သည့် နိုဝင်ဘာ ၁၁ ရက် မှ ၁၇ ရက်အတွင်း

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မကွေးတိုင်းတို့တွင် ၇ ရက်မိုးရေချိန် ၁ လက်မအထက်မှ ၃ လက်မအထက်အထိ မိုးရေချိန်ရရှိနိုင်သေးကြောင်းကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ 

နိုဝင်ဘာ ၁၁ ရက် နံနက် ၀၀: ၃၀ နာရီ Ventusky Icon Model update အရ မြန်မာတနိုင်ငံလုံးတွင် မိုးနည်းနေမည်ဖြစ်ပြီး -

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးတိုင်းအနောက်ခြမ်းတို့တွင် ၃ ရက်အတွင်းမိုးရေချိန် ၁ လက်မအောက် ရွာသွန်းရရှိနိုင်မည်။

ကျန်ပြည်နယ်/တိုင်းဒေသအားလုံးတွင် ၃ ရက် မိုးရေချိန်၀.၅ လက်မအောက်ရွာသွန်းနိုင်ပြီး မိုးအလွန်နည်းနေမည်ဖြစ်ပါသည်။ ၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၁၆ လက်မခန့်သာ ရွာသွန်းနိုင်ပါမည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်