နိုဝင်ဘာ ၁၂ ရက်ကျော်လျှင် တစ်နိုင်ငံလုံးတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်

04/11/2025 18:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများနှင့် နိုဝင်ဘာ ၄ ရက် နေ့ ပြည်နယ်တိုင်းများအလိုက် မိုးရွာနိုင်သည့် အခြေအနေများ

နိုဝင်ဘာ ၃ ရက် ည ၁၀ နာရီအချိန်ရရှိသည့်ဒေတာများအရ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနှင့်ထိစပ်သည့်အပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းက ဆက်လက်တည်ရှိနေပြီး၊ နောက် ၂၄ နာရီအတွင်း မြောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်ပါတယ်။ မုန်တိုင်းမဟုတ်သဖြင့် စိုးရိမ်ရန်မလိုပါ။

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းသို့ ဦးတည်ရွေ့လျားလျက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI သည် နိုဝင်ဘာ ၃ ရက် ည မှာ ပိုမိုအားကောင်းလာကာ ဖိလစ်ပိုင်နိုင်ငံကို CATEGORY-2 ဆိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့်ဖြတ်ကျော်တိုက်ခတ်ပြီးသည့်နောက်၊ နိုဝင်ဘာ ၄ ရက်ည မှာ တောင်တရုတ်ပင်လယ်တွင်း စတင်ဝင်ရောက်လာနိုင်ပါမယ်။ 

တောင်တရုတ်ပင်လယ်အတွင်းအနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို “အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်း” CATEGORY-3 Typhoon အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။

နိုဝင်ဘာလ ၈ ရက်မှ ၉ ရက်အတွင်း တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ အကြွင်းအကျန်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်းအလယ်ပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း-ပင်လယ်ပြင်အထိ ရောက်ရှိနိုင်ကြောင်း ECMWF Model လမ်းကြောင်းခန့်မှန်းချက်မှာတွေ့ရပါတယ်။

မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှုရှိနိုင်မည့် မိုးလေဝသအခြေအနေများ

• ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၇ ရက်နေ့ တရက် မိုးလေကင်းစင်နိုင်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှုကြောင့် မိုးပြန်ရွာနိုင်ပါမယ်။

• လက်ရှိကြိုတင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ အားအလွန်ကောင်းသော (CAT-3)တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ အကြွင်းအကျန်များဝင်ရောက်နိုင်သည့် အခြေအနေသည်အလွန်နည်းပါးပြီး မိုးရွာသွန်းနိုင်ချေဆက်လက်၍ နည်းနေပါဦးမယ်။ 

🔸ပြည်နယ်တိုင်းဒေသများအလိုက် နေ့စဉ်မိုးရွာသွန်းနိုင်မည့် အခြေအနေများကိုလည်းဆက်လက်တင်ပြပေးနေမှာဖြစ်တာကြောင့် ဂရုစိုက်စောင့်ကြည့်ကြစေချင်ပါတယ်။

နိုဝင်ဘာ ၄ ရက် နေ့လည် ၂ နာရီရရှိသည့် ဒေတာများအရ

🔸 နိုဝင်ဘာ ၁၂ ရက်ကျော်လျှင် မြန်မာတနိုင်ငံလုံးတွင် မိုးလျော့နည်းသွားနိုင်ပါတယ်။

🔸 အားပျော့သော လာနီညာ (အေးမြစိုစွတ်သောအစွန်းရောက်ရာသီဥတုဖြစ်စဉ်)ကြောင့် နေရာကျဲကျဲမိုးအနည်းငယ်သာရွာနိုင်တော့မှာဖြစ်ကြောင်း သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေး model များတွင် တွေ့နေရပြီဖြစ်ပါတယ်။

၁၂ ရက် ရှေ့ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ တိုင်ဖွန်းမုန်တိုင်း KALMAEGI တို့ရဲ့ သက်ရောက်မှုအနည်းငယ်ကြောင့် မိုးအသင့်အတင့်ရွာနိုင်ချေရှိသေးတာကြောင့် - 

🔸နိုဝင်ဘာ ၄ ရက် ည ၆နာရီ ခွဲမှ နိုဝင်ဘာ ၆ ရက် ည ၆ နာရီခွဲအထိ ပြည်နယ်တိုင်းများအလိုက် မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်ကို သတိပြုစောင့်ကြည့်ကြရပါမယ်။ 

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်