ပဲကြဲမည့်တောင်သူများအတွက် နိုဝင်ဘာ ၇ - ၁၃ ရက်အထိ မိုးလေဝသခန့်မှန်းသတိပေးချက်

07/11/2025 12:32 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

နိုဝင်ဘာ ၆ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

🔸တောင်တရုတ်ပင်လယ်မှ အားကောင်းသောတိုင်ဖွန်းမုန်တိုင်း(Very Strong Typhoon – VST) KALMAEGI သည် Category-3 အဆင့် တိုင်ဖွန်းမုန်တိုင်းလေတိုက်နှုန်း(110 knots - တနာရီ ၁၂၇ မိုင်ခန့်)ဖြင့် ဗီယက်နမ်ကမ်းခြေကို နိုဝင်ဘာလ ၆ ရက် ည မှာ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါတယ်။ 

🔸အပူပိုင်းမုန်တိုင်း(Tropical Storm) မှ တိုင်ဖွန်းမုန်တိုင်းနောက်တလုံးဖြစ်လာမည့် မုန်တိုင်း FUNG WONG သည် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CAT-3 အဆင့်တိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်းမှာ အရှေ့ဘက်သို့ “ဂ”ငယ်ကွေ့ချိုးကွေ့ကာ ထိုင်ဝမ်ကျွန်းအနီးမှဖြတ်ပြီးအရှေ့ဖိလစ်ပိုင်လယ်(ပစိဖိတ်-အနောက်မြောက်ဘက်သို့)ဆက်လက်ရွေ့လျားသွားနိုင်ကြောင်း ECMWF Model ကြိုတင်ခန့်မှန်းလမ်းကြောင်းမှာတွေ့နေရတာကြောင့် မုန်တိုင်းအကြွင်းအကျန်ကိစ္စကိုစိုးရိမ်ရန်မရှိပါ။

🔸CAT-3 တိုင်ဖွန်း KALMAEGI ရဲ့ အကြွင်းအကျန်များသည် နိုဝင်ဘာ ၈ ရက် ည မှာ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း TAK ခရိုင်မှတဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ ရွေ့လျားရောက်ရှိလာပြီး နိုဝင်ဘာ ၈/၉/၁၀ ရက် များမှာ အဲ့ဒီတိုင်း/ပြည်နယ်များအတွင်း နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။

🔸မုန်တိုင်းအကြွင်းအကျန်များကြောင့် နိုဝင်ဘာ ၇ ရက် မှ နိုဝင် ၁၃ ရက်အထိ ၇ ရက်အတွင်း - ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အနောက်)၊ ပဲခူးတိုင်း(အရှေ့)၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ အထက်မှ ၆ လက်မအထက်အထိ မိုးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးများနိုင်၊ မိုးသည်းထန်နိုင်သည့်ဒေသတွေရှိနိုင်ပါမယ်။

🔸ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မကွေးတိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မဝန်းကျင်သာရွာသွန်းနိုင်/ မိုးရေချိန်နည်းနိုင်ပါမယ်။

🔸လက်ရှိအချိန်အထိရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ၊ ဘင်္ဂလားပင်လယ်အော်တွင် ထူးခြားသည့် မိုးလေဝသအခြေအနေများဖြစ်ပေါ်ရန်မရှိပါ။

🔸၄ ရက် ကြိုတင် မိုးလေဝသအခြေအနေခန့်မှန်းချက်များကြည့်ရန် - https://www.mmweather.org/divisional-cities-weather

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်